34

911 84 9
                                    

Unicode

Bible~

"အချစ် မင်း ကိုယ့်ကို ယုံတယ်မလား၊ကိုယ့် ယောက်ဖရဲ့ ကုမ္ပဏီဝင်ငွေကို ဘယ်လိုလုပ် ငွေအလွဲသုံးစား လုပ်မှာလဲ"

"ကျွန်မ ယုံပါတယ်၊အချစ်က ရှင့်ကို ယုံတာ မို့လို့ ခဏဘဲစောင့်နော် ဟင့် ဟန်နီ့ကို တအားလွမ်းတာဘဲ၊ဟန်နီရဲ့ရင်ခွင်ကိုလဲ လွမ်းတယ်၊ ဟန်နီရော ကျွန်မကို လွမ်းတယ်မလား"

"ဒါပေါ့ဗျာ လာပါဦး ၊ကိုယ်မရှိတုန်း အစားများများစား၊အိပ်ရေးဝ အောင် အိပ်၊ဝလဲ ကိုယ်ချစ်ပါတယ်"

"ဟင့်!!ခဏဘဲစောင့် ဟန်နီ အပစ်ကင်းစင်ကြောင်း အမြန်သက်သေပြမှာမို့ ခဏဘဲသည်းခံစောင့်ပေးနော်"

"အင်း..ဘာလို့ငိုနေရတာလဲကွာ၊ဒါနဲ့ အစ်ကိုကြီး ဘာပြောသေးလဲ"

"ဘာပြောရမှာလဲ၊သူက ပထမလူပြောလိုက်တဲ့စကားဘဲ နားထဲဝင်တာလေ၊ရှင့်ကို မယုံသလိုတောင်ဝင်သွားသေးတယ်၊စိတ်မပူပါနဲ့ ကျွန်မက ဟန်နီ့ကိုယုံတာ မို့လို့ စိတ်အားမငယ်ရဘူးနော်"

"ရှယ်ယာရှင်တွေရော ဘယ်လိုဖြစ်သွားပြီလဲ"

"စိတ်မပူပါနဲ့ ကျွန်မကိုယုံ၊သူတို့ကို ဖြောင်းဖြထားတယ် "

"တော်သေးတာပေါ့၊ကိုယ့်ကြောင့် ရှယ်ယာတွေပြန်ထုတ်သွားရင် အစ်ကိုကြီးရဲ့ ကုမ္ပဏီထိခိုက်မှာစိုးလို့ပါ၊အခန့်မသင့်ရင် ကိုယ်တို့မိသားစုပါထိခိုက်မှာစိုးလို့ပါ"

"ဘာလို့ အရှည်ကြီးလိုက်တွေးနေတာလဲ အချစ်ရာ"

"ဟန်နီ့ကို စိတ်ပူလို့"

"ချစ်လိုက်တာကွာ ဒါနဲ့တူလေးရော"

"တောက်!! ကျွန်မက အလိုလိုက်ထားလို့ သူ လူကြီးတွေကို လူကြီးလို့ မမြင်နိုင်တာ၊ရာရာစစ ကိုယ့်ဒေါ်လေး ယောကျာ်းကို တရားစွဲရလား"

"စိတ်ထိန်းပါ ကွာ၊မင်းသိရဲ့သားနဲ့ တူလေးBibleက အစတည်းက ကိုယ့်ကို အမြင်မှ မကြည်တာ၊အကြောင်း တခုခုရှိလို့နေမှာပါ ကိုယ့်တူလေးကို အဲ့လို မပြောရဘူးလေ"

"မေတ္တာရှင်ကြီးရယ်၊နဲနဲပါးပါး ဒေါသဖြစ်ပါဦးလား"

"မိသားစုအချင်းချင်း ကို ဒေါသဖြစ်စရာလား"

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now