အခန်း (၁၉)မနက်ခင်းအိပ်ယာနိုးတာကနေစရိုက်မှာမို့ သဘာဝကျတဲ့အနေအထားဖြစ်အောင်ဦးသစ်ကိုအိပ်ယာပေါ်လှဲနေခိုင်းလိုက်သည်။ ဝရံတာကိုထွက်ပြီးစက်အဖွဲ့ကို အိုကေဆိုပြီးလုပ်ပြလိုက်ကာ ကင်မရာနှင့်မိုက်ကိုဖွင့်ပြီးဆန်းအပြင်ပြန်ထွက်ခဲ့ပါသည်။ရိုက်မဲ့အထဲသူလဲပါရမှာကိုး။ သရုပ်ဆောင်နဲ့မန်နေဂျာဆိုတာခွဲထားလို့မှမရတာ။
"ဒေါက် ဒေါက်"
"ဝင်ခဲ့ "
"ဦးသစ် မနက်စာ အဆင်သင့်ဖြစ်ပြီ "
"အင်း အဝတ်အစားလဲလိုက်အုံးမယ်"
သရုပ်ဆောင်ပီပီ ရုပ်တည်တည်နဲ့ ပြောနေပေမယ့် ကင်မရာကိုကျောပေးထားတဲ့ဆန်းကတော့ရယ်ချင်စိတ်ကိုထိန်းထားတာကြောင့် ရုပ်ကမချိုမချင်ဖြစ်နေလေသည်။ ဆန်း ရှေ့ကနေအရင်အဝတ်လဲခန်းထဲဝင်လာခဲ့သည်။ ဦးသစ်ကနောက်ကလိုက်ဝင်လာကာ
အသံမိုက်နှစ်ခုစလုံးကို ပိတ်လိုက်လေသည်။"ဟင်ဦးသစ် "
ဘီဒိုနဲ့ကျောခြင်းကပ်နေတာမို့ ဦးသစ်ရင်ခွင်ကျယ်နဲ့ဘီဒိုကြားထဲ သူညှပ်နေပါသည်။
"ကိုယ့်ကိုလှောင်တယ်ဟုတ်လား"
"မလှောင်ပါဘူး ကျွန်တော်ရယ်ချင်နေတာပါ"
စကားဆုံးတာနဲ့ ဆက်မပြောနိုင်အောင်တားဆီးခံလိုက်ရသည်။ တော်ပါသေးရဲ့ အဝတ်လဲခန်းထဲမှာကင်မရာရှိမနေလို့"
"ဘယ်လိုဖြစ်နေတာလဲ ဖယ်မိုက်ပြန်ဖွင့်"
မိုက်ပြန်ဖွင့်ပြီးတော့
"ဒီနေ့အချိန်ဇယားတွေကဘာတွေလဲ"
ပါစပ်ကသာမေးနေပြီး လက်ကတော့ ရှပ်အကျီကြယ်သီးတွေကိုတပ်ပေးနေတဲ့ ဆန်းရဲ့ပါးပြင်တွေကိုပွတ်သပ်နေလေသည်။ ဆန်းလှုပ်ရှားလာတဲ့စိတ်ကိုထိန်းရင်း
"မနက်ပိုင်းရုံးချုပ်သွားရမယ် ပြီးရင် ကြေညာဓာတ်ပုံရိုက်ရမယ် ပြီးတော့ ရှူတင်သွားရမယ်"
အဝတ်လဲခန်းထဲမှာဆိုပေမဲ့ပြောစကားများကိုတော့ကြားရအောင်မိုက်ဖွင့်ထားရပါသည်။အပြည့်အစုံဝတ်ပြီးသွားတော့ ဦးသစ်ကရင်ဘက်မှာညှပ်ထားတဲ့မိုင်ကိုဖြုပ်ပြီး လက်ထဲဆုပ်ကိုင်လိုက်ကာ သူ့နား နားကိုကပ်လာပြီး
VOCÊ ESTÁ LENDO
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...