vintage ဆန်ဆန် အပြင်အဆင်တွေနဲ့ မီးရောင်တွေရဲ့အောက်မှာရှိတဲ့ ကောင်တာတစ်ခုမှာသူမ လျော့တိလျော့ရဲထိုင်ရင်း ဘောပင်လေးကိုကစားနေမိသည်.
ဒီနေ့က monday လည်းဖြစ်ပြီး နေပူပြင်းနေသည့်နေ့မို့ သူမတို့စာအုပ်ဆိုင်လေးဆီလူလာနည်းနေသည်..
အပြင်ဘက်ကိုကြည့်တော့လည်း နေက ကျစ်ကျစ်တောက်ပူနေ၍ အပြင်လည်းမထွက်ချင်
ခုရက်ပိုင်းလည်းဘာမှလုပ်စရာမရှိနေတာမို့ မေမေ့ရဲ့စာအုပ်ဆိုင်လေးတွင် အကူအဖြစ်ကောင်တာထိုင်ပေးနေရခြင်းဖြစ်သည်
သက်ပြင်းတချက်ချလိုက်ပြီး ကောင်တာတွင် မှောက်ရင်းခေါင်းချလိုက်တော့ ရှေးဟောင်းတိုင်ကပ်နာရီတဂျောက်ဂျောက်အသံနှင့် aricon ကတဒီးဒီးမြည်နေသော အသံမှအပ ပကတိညိမ်သက်တိတ်ဆိတ်နေသည်..
စာအုပ်ရွေးနေသူအနည်းငယ်ရှိပေမဲ့ စာအုပ်ဆိုင်လေးမို့ အသံလည်းမထွက်ဘဲ လိုချင်သည်သာရှာနေကြသည်မို့ သီးသန့်ကမ်ဘာလေးတစ်ခုလိုဖြစ်နေလေသည်..တိတ်ဆိတ်နေရတာကို သူမ မနှစ်မြို့...
ဒါ့ကြောင့် အိတ်ထဲကearphone နေးထုတ်ပြီး
သီချင်းဖွင့်ကာနားထောင်နေလိုက်သည်..
ဘောပင်လေးကိုလည်းဆော့ကစားနေဆဲ ခေါင်းလေးကလည်းမှောက်ထားဆဲ..
မေမေသာတွေ့ရင် သူ့ကိုဆူမှာသေချာသည်
'မိတိမ်လွှာငယ်..နင်ဒီလိုလုပ်ပုံနဲ့ ငါ့ဆိုင်တော့မိတ်ပြတ်တော့မယ်' ဆိုပြီး သူ့ငယ်ထိပ်ဆီ ခေါင်းခေါက်ဖို့လက်လှမ်းနေလောက်ပြီ..
ဒါပေမဲ့အခုတော့ ဆူမဲ့မေမေ မရှိ...သီချင်းလေးထဲမှာသာ စီးမြောရင်း သူ့လက်ချောင်းသွယ်သွယ်လေးတွေက ဘောပင်ကိုလှည့်ပတ်ကစားနေလေသည်..
အခုမှသူ့စိတ်တွေပြန်လန်းဆန်လာသလို ပြန်လည်စိုပြည်လာသလိုခံစားလာရသည်..
တိမ်လွှာငယ်က သီချင်းတွေကိုတအားနှစ်သက်သည်
သူမအခန်းထဲတွင်လည်း တူရိယာအနည်းငယ်နှင့်
ရေးစပ်ထားသော သီချင်းအတိုအထွာများရှိသည်
တခြားအရာတွေထက် သီချင်းကိုစိတ်ဝင်စားသည့်လူမို့
သူ့အသက်၁၇နှစ်အတွင်း ရင်းနှီးလာခဲ့သည်က
သီချင်းတွေသာရှိသည်..သူမတို့မိသားစုကသိပ်တော့ထူးခြားတာမျိုးမရှိပေ
'နေကြာခင်း'ဆိုသည့် စာအုပ်ဆိုင်လေးဖွင့်ထားပြီး
ဖေဖေကတော့ ပရိဘောဂဆျုငျသေးသေးလေးလညျးဖှငျ့ထားသေးသညျ..
အဲ့ဒီ့တော့ သူကအလုပ်မလုပ်တောင် စားနိုင်သောက်နိုင်သည့်အနေအထားမျိုးပင်..