အချစ်ရယ်..ကိုယ်ဖြင့် အရမ်းချော့ခံချင်တာ...
ဂရုစိုက်တာလဲ ခံချင်သေးတယ်...
အထူးသဖြင့်လေ ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့်သူကို အရမ်းလိုချင်တာ...ကိုယ့်မှာလေ အချော့ခံချင်၊ ဂရုစိုက်ခံချင်ရက်သားနဲ့ ဒီအရာတွေနဲ့ အဝေးမှာ နေနေရတုန်းပဲ..။
လူသားပဲ အချစ်ရယ်..။
မင်းဘက်က စကားစပြောတာလဲ ခံချင်...
မင်းစချော့ပေးတာလဲ ခံချင်..
ကိုယ့်ဘက်မှာ ရပ်တည်ပေးမယ့်သူလဲ လိုချင်..။
ဪ..ဝဋ်တွေ..။