Chapter 20

481 37 10
                                    

"အချစ်ဆိုတဲ့ စကားလုံးက ငါ့ကိုအမြဲတမ်း ကြီးမားစွာလွှမ်းမိုးထားသလိုပဲ၊

ဒါပေမဲ့ ငါမင်းကိုချစ်မိသွားတဲ့အချိန်ရောက်တော့ အဲ့တာကအမှန်တကယ်ဆိုတာငါခံစားလိုက်ရတယ်"

ကိတ်က စိုးရိမ်နေသည်။

ကိတ်က သူ့ရဲ့ချစ်သူကောင်လေးဆိုသော စကားလုံးကိုပြောလိုက်ချိန်တွင် အီယူ့မျက်လုံးတွေကျယ်သွားသောကြောင့်ဖြစ်သည်။

အီယူက ပျော့ပြောင်းခြင်းမရှိပဲကိတ်ရဲ့လက်မောင်းတွေကြားထဲတွင် မတ်တပ်ရပ်နေပြီး ရုပ်ထုကြီးလိုပဲ မလူပ်မယှက်ရှိနေသည်။
အီယူ့ရဲ့ တုံ့ပြန်မူကြောင့် ကိတ်တုန်လူပ်ပြီး ယုံကြည်ချက် နည်းပါလာသည်။

"အီယူ"

"......"

အီယူကပြန်မဖြေပါ။ အီယူက မျက်တောင်မခတ်ပဲ မူးဝေနေသည်။

"အဲ့လိုကြီး အသံတိတ်မနေပါနဲ့"

"......."

"အီယူက ဘာမှ မပြောတော့ ကိတ် စိတ်ညစ်လာပြီ"

"အီယူ...."

အီယူကအကြိမ်များစွာ မျက်တောင်ခတ်နေပြီး အသိပြန်ဝင်လာအောင်ကြိုးစားနေသည်။အီယူက ဘယ်မှညာသို့ကြည့်ပြီးစဉ်းစားနေသည်။

"အီယူလေ......"

"ပြောလေ အီယူ"

" အီယူက ကိတ်ရဲ့ကောင်လေးဖြစ်နိုင်မယ်လို့မထင်ဖူး"

"....."

ကိတ်က သူ့နှလုံးခုန်သံတွေ အရမ်းမြန်နေတာကိုပြန်ကြားနေရသည်။ ကိတ်ရဲ့နူတ်ခမ်းတွေကလဲခြောက်သွေ့နေသည်။ ဒါ အီယူကကိတ်ကိုငြင်းလိုက်တာများလား။

"ကိတ် ကအီယူ့ကိုအရမ်းချစ်တာကြောင့် ရူပ်ထွေးနေတယ်လို့ပဲအီယူမြင်တယ်"

"ကိတ်ဘာမှ မရူပ်ထွေးပါဖူး၊ ကိတ်အီယူ့ကိုအရမ်းချစ်တယ်၊။ ကိတ် အီယူ့ကိုအရမ်းပဲသဝန်တိုတယ်၊ အီယူ့ကို ဘယ်သူနဲ့မှအတူမရှိစေချင်ဖူး"

"အီယူ ...အီယူ မသိတော့ဖူး"

"ကိတ်သိတာကတော့ ကိတ်အချစ်တွေကလုံလောက်နေပြီဆိုတာပဲ"

"....."

အီယူက ပါးစပ်ကိုပိတ်ထားပြီး ငြိမ်နေသည်။အီယူ ဘာမှ ဆက်မလုပ်နိုင်တာကိုလဲအံ့ဩမိသည်

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Where stories live. Discover now