Fan

2K 179 36
                                    

"ကင်မ်ကလေ ဆော့ဂျင်နီးလေးတွေကို အရမ်းချစ်တယ်နော်"

*seokjin oppaကို ချစ်တယ်!!!!!*

ဖုန်းscreenပေါ်က အရုပ်လေးရဲ့လှုပ်ရှားမှုတွေကိုကြည့်ကာ ‌တစ်ကိုယ်လုံးအနက်ရောက်အပြည့်ဆင်မြန်းထားတဲ့ကောင်လေးဟာ ပြုံးနေသည်။သူ့ဖုန်းထဲဝယ် ထိုမင်းသားငယ်လေးရဲ့ နေပုံထိုင်ပုံတွေ၊အစားအသောက်စားနေတဲ့ပုံလေးတွေ၊ဟာသလုပ်နေတဲ့ပုံတွေကအစရှိသည်။

ဖုန်းလေးကို ကျစ်ကျစ်ဆုပ်ကိုင်ထားရင် သူလုပ်ဆောင်ရမဲ့တာဝန်ကိုထမ်းဆောင်ဖို့ ပါဆယ်ဘူးကို ကောက်မလိုက်သည်။ထို့နောက် ကွန်ဒိုတိုက်ခန်းတွေရှိတဲ့ စိတ်ငြိမ်ရပ်ကွက်လေးဆီသို့ သူ့ရဲ့ဆိုင်ကယ်အနက်ပြောင်ကို ဦးတည်လိုက်သည်။

လူများအမြင်တော့ အထူးအဆန်းဖြစ်လိမ့်မယ်ထင်သည်။တစ်ကိုယ်လုံးကလဲအနက်၊တပ်ထားတဲ့maskကလဲအနက်၊ဆိုင်ကယ်ကလဲအနက်နဲ့ သူဟာလူထူးဆန်းတစ်ယောက်။အသေအချာအလုံအခြုံဝတ်ထားတာမို့ ရုပ်ကိုလဲကောင်းစွာမမြင်ရပါ။

ကွန်ဒိုတိုက်ခန်းများရှိရာ နေရာသို့ရောက်သောအခါ လုံခြုံရေးဦးလေးကြီးက လာနေကျမို့ မှတ်မိနေဟန် ဝန်းတံခါးကိုဖွင့်ပေးသည်။

အမြဲတမ်း တိုက်အမှတ်၆၊အခန်း(××)ကို လာနေကျထိုအနက်ရောင်ကောင်လေးကို မမှတ်မိပဲနေမလား။တစ်ပတ်ကို၁၂ကြိမ်လောက်ကိုလာတာဖြစ်သည်။

ဓာတ်လှေကားအတွင်းဝင်ရင် ၁၂လွှာဆိုတဲ့ဂဏန်းလေးကို နှိပ်ချကာ လက်ထဲကပါဆယ်ဘူးကြီးကိုလဲ သေသေချာချာကိုင်ထားသေးသည်။သူဦးတည်ရာနေရာသို့ ရောက်ကာမှ ‌အေးအေးဆေးဆေး လျှောက်လာကာ အခန်းနံပါတ်×××မှာရပ်ကာ အခန်းတံခါးကို သုံးချက်ဆင့်ခေါက်လိုက်သည်။

အထဲက အ‌သံသေးသေးလေးကို သေချာအားစိုက်နားထောင်ရင် ရင်ဘတ်ကိုလဲလက်နဲ့ဖိထားသေးသည်။အခန်းထဲက လူမထွက်လာမီ ထောင့်ချိုးတစ်ခုမှာဝင်ပုန်းရင် ကင်မရာကိုင်ကာ ရှူထောင့်အမျိုးမျိုးကိုရိုက်ကူးမိသည်။

ပါဆယ်ဘူးလေးကို မ,တဲ့အချိန်မှာ လျှောကျသွားတဲ့ရေချိုးဝတ်စုံလေးကြောင့် ပုခုံးသားနုနုလေးပေါ်လာတဲ့ပုံလေး၊ရေချိုးထားတာမို့ ခြေသလုံးဖြူနုနုမှာရေစက်ကလေးတွေ တွဲခိုနေပုံ၊မျက်နှာလေးက မျှော်နေကျပစ္စည်းလေးရလားလို့ ပျော်နေတဲ့ပုံလေးတွေကအစ တဖြတ်ဖြတ်နဲ့ရိုက်ကူးထားတာဖြစ်သည်။

Fan(one short)✔️☑️Where stories live. Discover now