အပိုင်း(၄၈) နောက်တစ်ယောက်

27 5 0
                                    

"နင်ဘာကိုပြောတာလဲ..." ဇူယွမ်ရဲ့စကားကြောင့် စုယုဝေကြောင်အသွားခဲ့ရ၏။

ဇူယွမ်က ကောင်းလင်းနဲ့ ဖန်းဝူတို့ကို အေးစက်စက်ကြည့်လိုက်ရင်းမှ လေးပင်စွာပြောသည်... "ငါထင်တာသာမှန်မယ်ဆိုရင် သူတို့တွေက သွေးလောင်ကျွမ်းခြင်းမှော်စာလုံးကို အသုံးပြုထားတဲ့ပုံပဲ..."

"သွေးလောင်ကျွမ်းခြင်းမှော်စာလုံးလား..."

ဇူယွမ် ဖြည်းညှင်းစွာရှင်းပြလိုက်သည်... "ဒါက အဆင့် ၁မူလမှော်စာလုံးတစ်ခုဖြစ်ပြီးတော့ မူလမှော်သားရဲတွေရဲ့ သွေးအဆီအနှစ်တွေကို အဓိကအသုံးပြုထားတယ်... ဒါကို ခန္ဓာကိုယ်ပေါ်မှာရေးဆွဲလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးအဆီအနှစ်တွေကို လောင်ကျွမ်းသွားစေနိုင်ပြီးတော့ လူတစ်ယောက်ရဲ့မူလချီတွေကို ယာယီတိုးမြှင့်သွားစေတယ်... ဒါပေမဲ့ ဒါက အသုံးပြုသူကို နာကျင်မှုခံစားရစေပြီးတော့ သူ့ရဲ့သွေးအဆီအနှစ်တွေကို ဆုံးရှုံးသွားစေနိုင်တယ်... ဒီထက်ပိုပြီး ဆိုးရွားသွားခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုတောင်မှ ပျက်စီးသွားစေနိုင်တယ်... ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် အဲ့ဒီလူရဲ့အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းက အရမ်းကို ခက်ခဲသွားရလိမ့်မယ်..."

သွေးလောင်ကျွမ်းခြင်းမှော်စာလုံးက သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးနဲ့ အနည်းငယ်ဆင်တူပေသည်။ သို့ပေမဲ့လည်း ၎င်းက သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးလောက်တော့ အဆင့်မြင့်ခြင်းမရှိပေ။

စုယုဝေရဲ့လှပတဲ့မျက်နှာလေးက အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားရ၏... "ဒီလိုမူလမှော်စာလုံးတွေက တားမြစ်ထားတဲ့အရာတွေပဲ... သူတို့တွေက ဒါကိုအသုံးပြုရဲလိမ့်မှာမဟုတ်ဘူး..."

ဇူယွမ်၏ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ရပြီး... "သူတို့တွေက ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့ကြတယ်... ဒါကို ရှာဖွေဖော်ထုတ်ဖို့က အရမ်းကိုခက်ခဲလိမ့်မယ်... သေချာတာက သူတို့ရဲ့ခန္ဓာကိုယ်တွေပေါ်မှာ ဘယ်မှော်စာလုံးကိုမှ ရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး..."

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now