အပိုင်း(၄၉) လျှိုစီနှင့်တိုက်ခိုက်ခြင်း

24 6 0
                                    

“နောက်တစ်ယောက်…”

စုယုဝေ၏ တည်ငြိမ်ကာ ကြည်လင်သည့်အသံက တိုက်ပွဲစင်မြင့်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ များစွာသောအော်ဟစ်အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့တဲ့တိုက်ပွဲမှာ စုယုဝေရဲ့အနိုင်ရရှိမှုက အပိုအလိုမရှိအောင်ပင် လှပပေသည်။ ကောင်းလင်းရဲ့တိုက်ခိုက်မှုတွေက  ရက်စက်ကြမ်းကြုတ်ပေမဲ့ နောက်ဆုံးမှာ သူသာလျင်ရှုံးနိမ့်ခဲ့ရသည်။

များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက စုယုဝေကို အားတက်စေဖို့ ကျယ်လောင်စွာပင် အော်ဟစ်အားပေးနေလျက်ရှိကြသည်။ ချူထျန်းယန်ရဲ့အမူအယာကလည်း အခုမှသာ အနည်းငယ်ပြေလျော့သွားခဲ့ရကာ ခေါင်းညိတ်လိုက်မိသည်။ သူအနေဖြင့် သူမအပေါ်ထားခဲ့ရတဲ့ မျှော်လင့်ချက်တွေက အလဟဿဖြစ်မသွားခဲ့ပေ။

ကွင်းပြင်ထဲမှ အားပေးသံတွေကို နားထောင်ပြီး ချီယွဲ့က သက်ပြင်းကိုသာချလိုက်မိသည်။ လျှိုစီကတော့ ဒေါသဖြစ်လွန်း၍ အံကိုသာတင်းတင်းကြိတ်ထားမိသည်။ သူမ သည်းမခံနိုင်သည့်အရာတစ်ခုက စုယုဝေတစ်ယောက် လူတိုင်းရဲ့အာရုံစူးစိုက်မှုကို ခံရခြင်းပင်ဖြစ်သည်။

လျှိုစီက အေးစက်စွာပြောသည်… “ဖန်းဝူ…”

ဖန်းဝူက ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲစင်မြင့်ထက်သို့ ခုန်တက်သွားလိုက်သည်။

ဖန်းဝူက လက်နှစ်ဖက်ဆုပ်ကာ စုယုဝေကို နှုတ်ဆက်လိုက်ပြီးမှ ပြော၏… “ကျေးဇူးပြုပြီး ငါ့ကိုလမ်းညွှန်ပြသပေးပါဦး…”

ဒိုင်ဖြစ်သူ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်… “စတော့…”

ဘန်း…

ပြီးခဲ့တဲ့တိုက်ပွဲတုန်းကလိုပင် ဖန်းဝူက ပထမဆုံးစတင်လှုပ်ရှားလိုက်သည်။ သူ့ရဲ့ခြေထောက်တွေမှ စွမ်းအားတွေတစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး အောက်မှကျောက်ပြားအခင်းတွေကို ကွဲကြေသွားစေခဲ့ကာ သူ့ရဲ့ပုံရိပ်က စုယုဝေထံသို့ တစ်ဟုန်ထိုးဝင်ရောက်သွားခဲ့သည်။ သူ့ရဲ့လက်က လက်သည်းကုတ်ပုံစံအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး သူမထံ ရက်စက်ကြမ်းတမ်းစွာဖြင့်ပင် ကုတ်ဆွဲခဲ့လိုက်သည်… “ကျားလက်သည်းကုတ်ဆွဲခြင်း…”

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now