"ခုနှစ်ခုမြောက်ဝင်ပေါက်ဖွင့်ခြင်း..."
ကြည်လင်တဲ့အသံတစ်ခုက ကွင်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာခဲ့သလို မူလချီတွေကလည်း စုယုဝေထံသို့ အရူးအမူးစီးဝင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးမားလှသည့်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
စုယုဝေ၏ အနက်ရောင်ဆံနွယ်တွေက လေထဲမှာလွင့်ပျံနေသလို သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မူလချီအလင်းတွေ လှည့်ပတ်စီးဆင်းနေလျက်ရှိပေသည်။ ထိုအလင်းတွေက နောက်ဆုံးမှာ သူမရဲ့လက်နှစ်ချောင်းထံတွင် စုစည်းသွားခဲ့ပြီး သူမရဲ့လက်ချောင်းထိပ်မှာ ပြင်းထန်တဲ့စွမ်းအားတွေနဲ့အတူ ကျောက်စိမ်းရောင်အလင်းတွေ လှပစွာတောက်ပလာခဲ့ကာ ၎င်းရဲ့ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေသည်။
"ကျောက်စိမ်းဖောက်လက်ညှိုး..." စုယုဝေက သူမထံတိုးဝင်လာသည့် အစိမ်းရောင်လေဓားသွားကို ကြည့်လိုက်သည်။ အစိမ်းရောင်အလင်းက မြေပြင်ကိုပင်ဖြတ်တောက်သွားစေနိုင်လောက်အောင် ထက်မြနေသော်ငြား သူမရဲ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတစိုးတစိမျှရှိမနေခဲ့ပေ။ ထိုအစား သူမက လှပစွာဖြင့်ရှေ့ကိုလျှောက်လှမ်းသွားခဲ့လိုက်ကာ သူမရဲ့ကျောက်စိမ်းကဲ့သို့လက်ချောင်းနှစ်ချောင်းဖြင့် လေဓားသွားထံ စွမ်းအားပြည့်ဝစွာပင် ထိုးချလိုက်သည်။
ထန်း...
အင်အားနှစ်ခုက တစ်ခုနဲ့တစ်ခု ပြင်းထန်စွာရင်ဆိုင်မိခဲ့လိုက်သလို သတ္တုအချင်းချင်း ရိုက်ခတ်မိလိုက်သကဲ့သို့ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့ရ၏။ သို့ပေမဲ့လည်း ကွင်းပြင်ထဲရှိလူတိုင်းဟာ အစိမ်းရောင်လေဓားသွားက စတင်၍ ပြင်းပြင်းထန်ထန်တုန်ခါလာသည်ကို မြင်ခဲ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် ၎င်းက ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ အစိမ်းရောင်အလင်းစက်တွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
လျှိုစီက အဆင့်နိမ့်အနက်ရောင်အဆင့်မူလကျင့်စဉ်ကို အသုံးပြုခဲ့သော်လည်း သူမအနေဖြင့် စုယုဝေရဲ့တိုက်ခိုက်မှုကို ယှဉ်နိုင်စွမ်းမရှိခဲ့ပေ။ ဒါ့အပြင် စုယုဝေက ဝင်ပေါက်ခုနှစ်ခုမှ များစွာသောမူလချီတွေကို အသုံးပြုနိုင်စွမ်းရှိသည့်အတွက် သူမရဲ့တိုက်ခိုက်မှုကို လုံးဝချေဖျက်သွားနိုင်ခဲ့ပေသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။