"ဆောနူး ငါသွားနှင့်တော့မယ်နော်"
"အေးအေး အကိုကလာခေါ်မယ်ပြောထားလို့
သွားနှင့် "ကျောင်းသားဘ၀ထဲက တစ်တွဲတွဲရှိလာခဲ့တဲ့ အကိုဂျုံဆောင်းနဲ့ယန်းဂျောင်၀န်းရဲ့
နောက်ကျောပြင်နှစ်ခုကို ငေးရင်းပဲ ၀ရံတာမှာ ထွက်ထိုင်ကာ အကို့ကိုစောင့်နေလိုက်သည်။ ရာသီစက်၀န်းက မိုးအကုန်ဆောင်းအကူးပေမို့ နေ့လည်ပိုင်းအထိ အစွမ်းကုန်ရွာထားတဲ့ မိုးအရှိန်နဲ့အတူတူ သူ့ဆီဦးတည်တိုက်ခတ်လာတဲ့ မြောက်လေအချို့ကလည်း
အေးစက်စက်။အအေးဒဏ်သိပ်မခံနိုင်တဲ့ ဆောနူးက ဆွယ်တာအကြပ်ပေါ်ကထပ်၀တ်ထားတဲ့
အင်္ကျီခပ်ပွပွထဲကို လေအေးတွေထပ်၀င်လာမှာ စိုးသဖြင့်လက်နှစ်ဖက်ကို ခပ်တင်းတင်း ထွေးပိုက်ထားသည်။ထိုအခါမှ အိပ်ကပ်ထဲမှာမြည်နေတဲ့ဖုန်းရဲ့ တုန်ခါမှုကို သတိထားမိရင်း ကောက်ကိုင်လိုက်သည်။"hello ကလေးလား
ကိုယ် တောင်းပန်ပါတယ်ကွာ ဒီနေ့အရေးကြီးတဲ့ clients တွေနဲ့တွေ့ရမှာမို့
ညစာ စားထားလိုက်တော့နော် ကိုယ်အခု သွားရတော့မှာ ""ကလေး ကိုယ့်ကိုစောင့်ရင်းနဲ့ ဗိုက်ဆာနေတာမျိုးမဖြစ်စေချင်ဘူး "
"ရပါတယ် အကိုရယ် အခုမှ မှောင်တောင်
မမှောင်သေးတာပဲ စိတ်ဖြောင့်လက်ဖြောင့်သွားပါ ""အင်း ချစ်တယ်နော်"
ဒီတစ်ခါလည်း ထိုအသံကို သူပြန်မဖြေမိ၊ မဟုတ်ဘူး တကယ်တမ်းက အကိုဆောင်းဟွန်းကို လေးနှစ်လုံးလုံး ထိုစကားစုလေးကိုတောင် မပြောနိုင်ခဲ့တာပဲ။တစ်ချိန်က
တစ်ဦးတည်းသောသူကိုသာ တစ်တွင်တွင်ပြောခဲ့ဖူးတဲ့ ထိုစကားနှစ်လုံးက ထိုသူ့ဆီမှာပဲ
ကျန်ရစ်ဟန်တူသည်။"အဟင်း"
အသက်တွေ ဘယ်လောက်ပဲကြီးကြီး
ရင်ခုန်တတ်စအရွယ်က ထိုလူ့ကိုချစ်ခဲ့တဲ့အချိန်တွေကိုတွေးမိတိုင်း စိတ်နာရတာထက်
နွေးထွေးရတာက ပိုပိုသာသာဖြစ်သည်။ယခုလည်း ဆောင်းလေအေးတို့ကို အံတုရင်း ဆောနူးရဲ့စိတ်အစဉ်တို့က နွေးထွေးတဲ့ခေါ်ဆောင်မှု တစ်ခုဆီ...