Part-10

4.9K 205 14
                                    

Unicode

Taehyung ကတော့ သူ့ဘဝလွတ်လပ်သွားလို့သာယာအေးချမ်းတဲ့ဘဝလေးကိုပြန်ပြီး ပုံဖော်နေတော့သည်။ သူ့ဘဝလေးက အခုမှ လှောင်အိမ်ထဲကလွတ်တဲ့ငှက်လေးလို မြူးထူးပျော်ပါးနေသည်။ မနက်ခင်းနိုးထလာတဲ့အချိန်မှာလဲအရင်နေ့တွေကနဲ့မတူ ပေါ့ပါးလန်းဆန်းနေတော့သည်။

"Tae ရေ ငါတို့ဒီနေ့လျှောက်လည်ကျမလား"

"သွားမယ်လေ ဒီနေ့ငါတို့နှစ်ယောက်အပျော်ကြီးပျော်ကျရအောင် "

"ဒီနေ့ ညမိုးချုပ်မှ ပြန်ကျမယ်နော် ငါတို့အပြင်မှာအချိန်ဖြုန်းကျမယ် "

"Ok သူငယ်ချင်း သွားကျမယ်"

"ဒါဆို မြန်မြန်အဝတ်အစားလဲတော့ Tae "

"အေးအေး ခဏလေးစောင့်"

Taehyung လည်းအမြန်ပြေးပြီး အဝတ်အစားလဲရန်အခန်းထဲဝင်တော့သည်။Jiminလေးကလည်း သူ့ သူငယ်ချင်းလေး ပြေးဝင်သွားတာကိုကြည့်ပြီး ပြုံးမိသည်။ အခုမှ Taeဘဝလေးလည်း ပျော်ရွှင်ရတာလေ အမြဲစိတ်ဖိစီးမှုတွေများပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်မဖြတ်သန်းနိုင်တာဘယ်လောက်တောင်ကြာပြီလဲ အမြဲအိမ်အတွက် အိမ်အတွက်နဲ့ ရသမျှပိုက်ဆံလေးတွေ ကြိုးစားစုပြီးအိမ်ကိုပေးရတာအမော
သူ့အတွက်ဘာမှ မသုံး အဝတ်အစားတောင်အမြဲ မဝယ် ဝတ်လို့မရတော့မှ တစ်ထည်တစ်လေဝယ်ဝတ်သည်။ ဒီကြားထဲ သူ့လိုရိုးသားတဲ့လူကိုမှ ကံတရားက လှည့်စားခဲ့လို့ သူများအသုံးတော်ခံဘဝကရောက်ရသေးသည်။ အခုသူ့ သူငယ်ချင်းလေး
ပျော်နေတာမြင်တော့ Jiminပါ မျက်ရည်ကျမိသည်။ အခုလို Taehyung မပျော်ရတာကြာပြီမှတ်လား။

"Jimin သွားမယ်လေ "

Taehyungအခန်းထဲမှ ထွက်လာမှ သူလည်း တွေးလက်စ အတွေးကိုရပ်လိုက်သည်။

"အော်..... အေးအေးဒါဆိုသွားကျမယ်"

>>>>>>>>

"မေမေ ရေ အဖွား ဦးငယ်ရောက်ပြီ"

Jungkook အသံကြားတော့ Jungkook အမေရော အဖွား ထွက်လာကျသည်။

"မောင်လေး ရောက်လာပြီလား"

"ဟုတ်ကဲ့မမ ကျွန်တော်ရောက်ပါပြီ"

Sex PartnerWhere stories live. Discover now