"ဇူယွမ်... မင်းက သေချင်နေတာပဲ..."
ဒေါသတကြီးအော်ဟစ်လိုက်သံက ချီယွဲ့၏ပါးစပ်ထဲမှထွက်ပေါ်လာခဲ့သလို သူ့ခန္ဓာကိုယ်မှလည်း သတ်ဖြတ်လိုတဲ့ဆန္ဒတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ သွေးကြောတွေယှက်သန်းလာခဲ့ရပြီး သူ့ရဲ့ပုံစံကို အလွန်အမင်း ရက်စက်ကြမ်းကြုတ်သွားစေခဲ့သည်။
သူ့အနေနဲ့မူလက ဒီတိုက်ပွဲဟာ သူ့အတွက် လွန်စွာမှပင်လွယ်ကူလိမ့်မည်လို့ ချွင်းချက်မရှိ ယုံကြည်ထားခဲ့မိသည်။ ဒါ့အပြင် သူ့ရဲ့ဝင်ပေါက်ခုနှစ်ခုဖွင့်ထားနိုင်သည့်ခွန်အားက ကျောင်းတော်ထဲရှိ ဘယ်ကျောင်းသားကိုမဆို အနိုင်ယူနိုင်ဖို့ လုံလောက်ပေသည်။
သူက ဝင်ပေါက်ငါးခုသာဖွင့်ထားနိုင်သည့် ဇူယွမ်ကို ပြတ်ပြတ်သားသားအနိုင်ရယူနိုင်လိမ့်မယ်လို့ တွေးထင်ထားခဲ့ပေမဲ့ ဒါက အခုချိန်မှာ ထင်မှတ်မထားတာတွေဖြစ်လာခဲ့ရသည်။
ချီယွဲ့အတွက် ဒီရလဒ်က သံသယရှိစရာမလိုလောက်အောင်ပင် မျက်နှာပျက်ရစေသည်။
"ဘယ်သူသေမယ်ဆိုတာကို မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး..." ဇူယွမ်ရဲ့လေသံက တည်ငြိမ်နေသော်ငြား သူ့ရဲ့မျက်လုံးထဲမှာ လူသတ်ချင်စိတ်တွေ ပြင်းထန်နေရသည်။
ချီယွဲ့ရဲ့သွေးရောင်လွှမ်းနေတဲ့မျက်လုံးတွေက ဇူယွမ်ကို ကြည့်လိုက်မိသည်။ တစ်ခဏအကြာမှာ သူ့မျက်နှာပေါ်က လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အမူအယာတွေက ဖြည်းညှင်းစွာပျောက်ကွယ်သွားခဲ့ပြီး ထိုအစား တည်ငြိမ်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။ သို့ပေမဲ့လည်း သူက ပိုပြီးခြောက်ခြားစရာကောင်းသည့်လေသံဖြင့် ပြောသည်... "ဇူယွမ်... မင်းက ငါမျှော်မှန်းထားတာထက် ပိုပြီးစွမ်းဆောင်နိုင်ခဲ့တာပဲ..."
"ဒါပေမဲ့လည်း မင်းက ဒီလောက်နဲ့ ငါ့ကိုအနိုင်ရလိမ့်မယ်လို့ ယုံကြည်နေတာလား..."
ချီယွဲ့၏ ခြောက်ခြားစရာကောင်းသည့်အမူအယာကို မြင်လိုက်ရသည့်အခါ ဇူယွမ်၏အမူအယာက ပိုလို့လေးနက်သွားရသည်။ ချီယွဲ့က ဒီအတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်လာခဲ့မည်ကို သူသိပေသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။