လွင်ပြင် အိမ်ပြန်ရောက်လာချိန်၌ တစ်အိမ်လုံးတိတ်ဆိတ်နေ၏။ညနေ လေးနာရီပင် မထိုးသေးသည်မို့ ဒယ်ဒီက စားသောက်ဆိုင်မှ ပြန်ဦးမည်မဟုတ်သေးသလို မာမီကတော့ အခန်းထဲ၌ဖြစ်နိုင်သည်။
အငယ်မ ကောင်းကောင်းကတော့ ဆယ်တန်းမို့ ဘော်ဒါဆောင် တက်နေရကာ အိမ်တွင်မရှိ။
ညနေစာလည်း စားချင်စိတ်မရှိတော့သည်မို့ အခန်းထဲဝင်ပြီး တစ်ခါတည်း ချက်ပါချပစ်လိုက်၏။
သူ သိပ်ကို ပင်ပန်းနေပါပြီလေ...
သူ နားဖို့လိုအပ်နေသည်။အင်္ကျီအဝတ်တွေလည်း လှဲလှယ်မနေနိုင်တော့...
ခုတင်ပေါ်သာ ခြေပစ်လက်ပစ်လှဲချလိုက်ကာ သူ့မျက်ဝန်းတို့ကိုပါ မှိတ်ချလိုက်သည်။ပြန်နိုးထလာချိန် အရာရာ ပြန်အဆင်ပြေနေဖို့ကိုတော့ သူ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါ၏။
စိတ်ပင်ပန်းသည့်ဒဏ်၊ ငိုကြွေးထားသည့်အရှိန်တို့ကြောင့် စက္ကန့်ပိုင်းမှာပင် လွင်ပြင် အိပ်ပျော်ခြင်းဆီသို့...
ဒုန်း! ဒုန်း! ဒုန်း! ဒုန်း!
" သားရေ လွင်ပြင် သား..."
လုံးထွေးနေသည့် ဒယ်ဒီ၏ အော်ဟစ်သံနှင့် တဒုန်းဒုန်းမြည်သံကြောင့် လွင်ပြင် လန့်နိုးလာရ၏။
ညအိပ်မီးကို ထွန်းမထားမိ၍ ပိန်းပိန်းမှောင်နေသည့်အခန်းထဲ ခုတင်ဘေးမှ စားပွဲကိုစမ်းကာ မီးဖွင့်လိုက်မှ အခန်းက လင်းရှင်းသွားရသည်။
" လွင်ပြင်ရေ သား ဟာ ဒီကောင် အိပ်နေတာလား "
" ဗျာ ဒယ်ဒီ "
စမ်းတဝါးဝါးဖြင့် မီးဖွင့်နေသည့်လွင်ပြင်က အပြင်ဘက်မှဒယ်ဒီ့ကို ကပျာကယာထူးရင်း အခန်းတံခါးကိုပြေးဖွင့်လိုက်၏။
လက်မှ နာရီကိုကြည့်လိုက်မိတော့ ည 8နာရီသာ ရှိသေးသည်မို့ အတော်စောသေးသည်ဟုပြောရမည်ပင်။
" ဟေ့ကောင် မြန်မြန်ထ မိုးတိမ် မူးနေလို့ "
" ဗျာ "
" မဗျာနဲ့ မြန်မြန်လုပ် ဆေးရုံပို့ရမယ် ရော့ ကားသွားထုတ်ချေ "
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...