Part - 21 [Zawgyi]

1.3K 32 2
                                    

အခန်းတခုလုံးတိတ်ဆိတ်နေသည်မှာ နေရာရှိလူများအသက်ရှုသံကိုပင်မကြားရလောက်သည်အထိ ..ကုတင်ထက်တွင်မှီကာထိုင်နေသည့် ဒေါ်ထိပ်ထားလွင်ရှေ့တွင်မိုးသားသည် ဒူးထောက်လျှက်ရှိနေကာ ဘေးတွင်တော့ ဒေါ်စန္ဒာခင်နှင့် မေဝင့်လွှာညီကမတ်တပ်ရပ်နေကြပီး မျက်နှာများကတော့မကောင်းကြပေ ..

" ဘွား "

တိတ်ဆိတ်မှုအား မိုးသားကပင်စတင်၍ဖြိုခွင်းလိုက်သည် ..

" ဘွား မြေးတောင်းပန်ပါတယ် အားလုံးကမြေးအပြစ်တွေပါ မြေးကပဲအဓမ္မလုပ်ယူခဲ့တာပါ ဒါကြောင့်ဘွားစိတ်ထိခိုက်အောင်လုပ်ခဲ့တဲ့မြေးကိုပဲအပြစ်ပေးပါ မြေးခံယူပါ့မယ် "

မိုးသား၏အပြောကြောင့် ဘွားကမျက်နှာလွှဲနေရာမှကြည့်လာသည် ..အသက်ကြီးသူဖြစ်သည့်အလျှောက်ဒီလိုကိစ္စမျိုးကဘွားအတွတ်အရမ်းကိုထိတ်လန့်သွားပုံပင် ..ဘွားမူးလဲကာဆေးရုံရောက်သွားသည်ဆိုသည့်သတင်းကြားသည်နှင့် လွှာကဘယ်လိုမှတားမရတော့ သူ့ကိုယ်သူသက်သေမည့်စကားပင်ထွက်လာတာကြောင့် မိုးသားမတတ်နိုင်စွာ လိုက်ပို့ရခြင်းပေ ..အခုတော့ဘွားရဲ့ အမျိုးမျိုးဖြတ်သန်းနေသော အကြည့်တို့ကိုမိုးသားခံယူနေရသည် ..မေကြီးသည်လဲဘေးမှမျက်နှာမကောင်း အမှန်ဆိုမိုးသားဒီလောက်ထိလုပ်သွားလိမ့်မယ်လို့မထင်ခဲ့တာလဲပါလိမ့်မည် ..မေကြီးဘေးတွင်တော့ဖြူဖျော့နေကာ အသက်မဲ့သူတယောက်လို မျက်နှာအသွင်ဖြင့်ချစ်ရသူကိုမြင်ရပြန်တော့ မိုးသားတို့ရင်နာလွန်းလို့ ထိုသို့ပြုမိသည့်ကိုယ့်ကိုကိုယ်သတ်ပစ်လိုက်ချင်သည် ..နောင်တတော့မရပါ ..ပြန်ပြင်ဆင်ခွင့်ရခဲ့ရင်တောင် အခုလိုလုပ်ရက်မျိုးပဲသူလုပ်မှာမို့ ..

" ဘွား "

" ဘာလို့လဲမြေးရယ် ဘာလို့မြေးကအခုလို ..တကယ်ဆိုမြေး ဘွားတို့ကိုကြိုပြောပြခဲ့သင့်တယ် ဘွားမြေးကိုစိတ်ဆိုးနေတာမဟုတ်ဘူး ဘွားစိတ်မကောင်းဖြစ်တာ ဘွားမြေးကအခုလိုလူမျိုးလို့ လူတွေကကဲ့ရဲ့ရှုံ့ချမှာကိုဘွားစိုးရိမ်တာ.. မြေးကိုဘွား အများကြီးမျှော်မှန်းထားတာ အခုဆိုLwin Groupရဲ့ဆက်ခံသူက မိန်းမချင်းစိတ်ဝင်စားတဲ့သူဆိုတာ အကုန်လုံးကသိသွားကြပီ ပီးတော့ ကိုယ့်ဦးလေးရဲ့ ဇနီးလောင်းကိုမှ .."

She [ သူမ ]Where stories live. Discover now