Unicode
————နေရာအားဖြင့်တော့ FuNain hospital ရှိ ဆေးရုံအုပ်ရဲ့ရုံးခန်းထဲတွင်တော့ကွက်ကြားမိုးရွာသွန်းနေလေသည်
“ မင်း!! ဒါကဘယ်လိုလုပ်လိုက်တာလဲ!!? ဟမ် မင်းကိုယ်မင်းဆရာဝန်ဆိုတာကိုကောသိသေးရဲ့လား!!? မင်းလုပ်ပုံကြောင့် ငါတို့လူကြီးချင်းမျက်နှာပျက်ရပြီ ”
“ ဘာလို့မသိရမှာလဲ အခုတောင် duty coat ကြီးဝတ်ထားတာကို မမြင်တာကြလို့ ”
“ မင်း!!! ”
ဖူအန်းနိုင် တစ်ယောက် သူ့ရှေ့မှာရှိနေတဲ့သားဖြစ်သူရဲ့စူပုပ်ပုပ်မျက်နှာနဲ့အပြောကြောင့်သွေးတောင်တက်ချင်ချင်ဖြစ်သွားတယ်
ဟုတ်တယ်လေ ဆရာဝန်မို့လို့အခုတောင် duty ချိန်မို့ duty coat တောင်ဝတ်ထားရတဲ့ဟာ အဲ့ဒါကို ' မင်းကိုယ်မင်း ဆရာဝန်ဆိုတာသိသေးရဲ့လား ' ဆိုတော့ ကိုယ်ကဘာပြန်ပြောရမှာလည်းလို့ တကယ်ပါ ဒါကြောင့် ခုလိုမျိုးပြန်ပြောပြတော့လည်း လူကို ' မင်း ' ဆိုပြီးဘာမှပြန်မပြောတော့ပဲရပ်သွားပြန်တယ်
“ မင်း!! စွေ့အာ ကို လုပ်လိုက်တဲ့ပုံစံက တကယ်ပဲဆရာဝန်တစ်ယောက်ရဲ့လုပ်ရပ်လား!!? ဟမ် ဖြေစမ်းပါ!! ”
“ ဟာ Daddy ကလည်း သူမ(ချင်းစွေ့) က ကျွန်တော့ကိုလိုက်ကပ်နေတာများ super glue လိုပဲ ဒါကြောင့်အမြင်ကပ်လို့လုပ်လိုက်တာလေ ဒါမှကျွန်တော့နားကိုမကပ်ရဲတော့မှာ ဘယ်လိုလဲကျွန်တော် တော်တယ်မလား? ဟဲဟဲ ”
“ ဘာ!!! မင်း!! မင်း!!... အမလေး မိန်းမရယ် မင်းသားကိုလဲလာကြည့်ပါဦးကွာ မင်းယောင်္ကျား သွေးတက်နေပြီ မင်း!! အခုချက်ခြင်းငါ့မျက်စိရှေ့ကထွက်သွား!! ”
ဒီတစ်ခါတော့သားဖြစ်သူရဲ့ မျက်ခုံးပင့်ပြကာ ပြောလာတဲ့စကားတွေကိုကြားပြီး ဖူအန်းနိုင် တကယ်ကိုသွေးတက်နေပြီဖြစ်တယ် ဒါကြောင့် ထွက်သွားခိုင်းလိုက်ရတယ်
“ Daddy ကလည်း ကိုယ့်ဘာသာကိုအေးအေးချမ်းချမ်းအနားယူနေတဲ့ Mommy ကိုသွားပြီးအပူတွေပေးနေပြန်ပါပြီ တကယ်ပါပဲ အလိုက်မသိတာ ဟွန့် ”
Mommy ကို တ ပြီးသွေးတက်နေတဲ့ အဖေဖြစ်သူကို ပြောပြီး ရုံးခန်းထဲကနေအမြန်ပြေးထွက်လာလိုက်တယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...