Intro

3.2K 119 8
                                    

For Unicode

တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်လို့ နှစ်ဦးတည်းနေထိုင်သည့် တိုက်ခန်းလေးတွင် လူစုံနေသည်။မနက်စာစားသည့် ထမင်းဝိုင်းလေးတွင် ရှိနေသူနှစ်ယောက်ဟာ မတူညီသည့် စိတ်အခြေအနေအမျိုးမျိုးနှင့်။

ထမင်းစားဖို့အရေးကို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသူက ဂျောင်ကုကို မဝံ့မရဲခိုးခိုးကြည့်ပြန်သည်။

"စားလေ Amber...ဘာလို့လဲ အရသာမရှိဘူးလား"

သတိထားမိသွားဖြင့် မေးမြန်းလာသည့် ခင်ပွန်းကြောင့် ထယ်ယောင်း တံတွေးပင်မြိုချလိုက်မိ၏။ခေါင်းတွင်တွင်ခါပြီး ပန်းကန်ထဲက ထမင်းကို သုံးဇွန်းလောက် ပါးစပ်ထဲပစ်ထည့်လိုက်တော့ ဂျောင်ကုက ကျေနပ်သွားသလိုပြုံးသည်။

"ကိုယ့်ကိုပြောစရာရှိလို့လား...ကလေး"

"အဟွတ် အဟွတ်..."

"ဖြေးဖြေးစားမှပေါ့ကွာ...သီးကုန်ပြီ ဘယ့်နှယ့်ဖြစ်တာတုန်း..."

ဂျောင်ကုက ရေခွက်ထဲသို့ ရေထည့်ကာ ထယ်ယောင်းကို ကိုယ်တိုင်ကိုယ်ကျရေတိုက်ပေးသည်။
ထယ်ယောင်းသူ့ကိုပြောလိုက်ချင်ပါရဲ့။
ကလေးဆိုတဲ့ နာမ်စားကြောင့် သူဒီလိုဖြစ်ရပါတယ်ဆိုပြီး။

"ဟိုလေ ဂျောင်ကုကို ငါပြောစရာရှိတယ်"

"ပြောလေ...ဒါပေမယ့်အခုတော့မဟုတ်ဘူး ထမင်းပြီးအောင်စားပြီးမှ"

ထိုသို့ဆိုလိုက်မှ ခေါင်းပင်မဖော်တော့ဘဲ ထမင်းပန်းကန်ကိုသာ တစ်ကမ္ဘာတည်ထားတော့သည့် ဂျောင်ကုရဲ့ချစ်ရသူ။

ထမင်းစားပြီးချိန် ဂျောင်ကု Laptopတစ်လုံးနဲ့ စာရင်းဇယားအချို့ကို တွက်ချက်နေသည်။ဒီနေ့ထမင်းဟင်းချက်ပြုတ်ပြီး လက်စွမ်းပြထားသူက ဂျောင်ကုဖြစ်လို့ ပန်းကန်ဆေးသည့်တာဝန်ဟာတော့ အလိုအလျှောက်ထယ်ယောင်းခေါင်းပေါ်ပုံကျလာသည်။

ပန်းကန်တွေအားလုံးကို စင်အောင်ဆေးကာ ရေပြောင်အောင်သုတ်ပြီးချိန် ထယ်ယောင်း သူ့အနားသွားထိုင်နေမိသည်။

ဧည့်ခန်းမှာချထားသည့် စားပွဲနဲ့ ထိုင်ခုံများဟာ ပေါလစ်အရောင်ကြောင့် တောက်တောက်ပပ။ကျွန်းသစ်နဲ့ပြုလုပ်ထားတာဖြစ်၍ အရည်အသွေးလည်းကောင်းသည်။

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Where stories live. Discover now