Unicode
အပိုင်း ၅
ကျန်းချန်ဖုန်း ထိုကလေးဆီရောက်တော့ အတော်လေးသောင်းကြမ်းနေတာကို တွေ့လိုက်ရသည်။
အရက်ပုလင်းကို မိုက်လုပ်ပြီး သီချင်းတွေတောင် အော်ဆိုနေသေးတယ်။ တစ်ချို့လူတွေကလည်း မူးမူးနဲ့အားပေးနေကြသေးတယ်။
ရှန်းကု : " ချန်ချန်နဲ့ ကလေးတွေမွေးမယ် ရို့ ရို့ ...."
ကျန်းချန်ဖုန်း : " ! "
Bossကျန်းမှာ ချက်ခြင်းထိုကောင်လေးအနားကို လျှောက်သွားကာ ပုလင်းကိုင်ထားတဲ့ လက်ကိုဆွဲလိုက်သည်။
" အဆိုးလေး အိမ်ပြန်မယ် "
ရှန်းကုက ကျန်းချန်ဖုန်းကို မြင်တာနဲ့ ပုလင်းကိုပါးစပ်အနားပြန်တေ့လိုက်ပြီး အကျယ်ကြီးအော်ဆိုတော့သည်။
" ချန်ချန် is my husband ~~~ My husband is calling me ~~~~~~~~~~~~ "
" ဟူးးးး ကုကု! အိမ်ရောက်မှ ရှင်းရအောင် "
ရှန်းကုက ချန်ဖုန်းရဲ့လေသံမာမာကြောင့် မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်သည်။
ကျန်းချန်ဖုန်းကလည်း ထိုကလေးသူ့ကို ကြောက်သွားတယ်အထင်နဲ့ ပြန်ချော့သည်။
" အရင်ဆုံးအိမ်ပြန်မယ် ကြည့်စမ်းပါဦး အရက်တွေဒီလောက်သောက်ထားတာ "
ရှန်းကုက ပုလင်းကိုချလိုက်ပြီး ခေါင်းငြ်ိမ့်သည်။ ရှန်းကုနာခံသွားသည်ကိုမြင်တော့ ကျန်းချန်ဖုန်း ခေါင်းခါလိုက်သည်။
ဒီကလေးက အချော့ကြိုက်တာပဲ့...
ရှန်းကုက ယိုင်တီးယိုင်တိုင်နဲ့ ချန်ဖုန်းကိုမှီပြီး လမ်းလျှောက်လိုက်တယ်။ ဒါမဲ့ရုတ်တရက်ကြီး ဗိုက်ထဲကထိုးအောင်လာပြီး နာကျင်လာတယ်။ နာကျင်မှုက ပြင်းလွန်းတော့ ခြေထောက်တွေမခိုင်တော့ပဲ လဲကျသွားရသည်။ မြေပြင်နဲ့မွှေးမွှေးပေးရတော့မည် ထင်ပေမဲ့ ချန်ဖုန်းကပွေ့ဖက်လိုက်ပြီး စိတ်ပူစွာကြည့်လာသည်။
နဘေးကလူတွေကလည်း သူတို့ကိုစိတ်ဝင်စားနေကြတာမို့ ရှန်းကု လဲကျသွားတော့ အားလုံးအကြည့်တွေက ပိုရောက်လာတော့သည်။
ESTÁS LEYENDO
Am I the mafia's wife?
FantasíaZaw and Uni ရှန်းကု ဆိုတဲ့ကောင်လေးက သေဆုံးသွားပြီးနောက် အပြိုင်ကမ္ဘာတစ်ခုမှာ ပြန်လည်ရှင်သန်လာခဲ့တယ်။ ဒါမဲ့သူက လူတစ်ယောက်ကို ကလိမ်ကကျစ်နည်းနဲ့ အပိုင်ယူထားခဲ့ပြီး လူအများရဲ့မုန်းတီးခြင်းခံနေရတဲ့ ရှန်းကု နေရာမှာနှိုးထလာခဲ့ရတယ်။ #ShawMimi #XiaoMiWang #...