Part. 12🍀

3.7K 253 40
                                    


'' စည်း! ! ...ဟေ့ကောင်ကြီး... ပြန်လာပြီလား ကွ...''

ညနေ စျေးရောင်းပြီးလို့ တွန်းလှည်းနဲ့ ပြန်လာသည့် စည်းမှာ ဆိုင်ကယ်ပြင်ဆိုင်ထဲကနေ လှမ်းနှုတ်ဆက်လာသည့် တေဇကြောင့် သူတို့ဆိုင်ကယ်ပြင်ဆိုင်ရှေ့ တွန်းလှည်းလေး ရပ်လိုက်ပြီး ဆိုင်ကယ်ပြင်နေသည့် တေဇအနားရှိ ကော်ခုံအပုလေးတွင် ဝင်ထိုင်လိုက်သည်။

'' စည်း...ခု လကုန်ရင် ငါ ငါးသောင်း ပြန်ဆပ်နိိုင်လောက်တယ်၊ နောက်လကျမှ ငါးသောင်းထပ်ပေးမယ် ''

'' မင်းတို့လင်မယား အဆင်ပြေလို့လား၊ သုန်သုန် ကျောင်းပြန်တတ်ဖို့ လိုပါသေးတယ်...''

'' အဆင်ပြေပါတယ် ကွ...မင်းကို တကယ်ကျေးဇူးတင်တယ် သားကြီးရာ၊မင်းကြောင့်သာ မဟုတ်ရင် ကိုသော်တာနဲ့လဲ သိမိ ခင်မိမှာ မဟုတ်ဘူး၊ ခုဆို ငါတို့ အိမ်ငှားခ တစ်လချင်းဆီ ပေးလို့လဲရတယ်၊အိမ်ကလဲ သပ်ရပ်တာ မင်းအမြင်ပဲကွာ...''

တေဇ စကားထဲ အစ်ကို နာ့မည်ပါလာတော့ စည်း ရင်ထဲ ပျော်မိပြန်သည်။ အစ်ကိုက တကယ်စိတ်ထားကောင်းသည်။

အဆင့်အတန်း ကွာခြားမှုကြောင့် အစ်ကိုနဲ့သူ့အကြား အဆင်ပြေပါ့မလား တွေးခဲ့မိတယ့် အရင်အချိန်တွေကို ခုအခါ ပြန်တွေးရင်း ပြုံးမိသည်။

အစ်ကိုက ထုတ်မချစ်ပြတတ်ပင်မဲ့ စည်းအတွက် သိမ်ငယ်စိတ် ၊အားငယ်စိတ် မဝင်နိုင်အောင် ချစ်ပေးသည်။ စည်းမှရယ်မဟုတ် စည်းမိဘ ညီအစ်ကိုမောင်နှမ တွေအပေါ်ရော၊တေဇလို သူငယ်ချင်း တွေအထိပါ  ကောင်းပေးသည်။ စည်း ဖြစ်တည်မှု ဘဝအနေအထားကအစ ချစ်ပေးသည့် အစ်ကို့အားလဲ စည်းလဲ အသဲပေါက်မတတ် ချစ်မြတ်နိူးရသည်။

ဆိုင်ကယ်ပြင်နေရင်း စည်းကို စကား​ပြောနေသည့် တေဇမှာ တစ်ဖက်က ဘာမှပြန်မပြောလာသည်ကြောင့် သူငယ်ချင်း ရှိရာဆီ လှည့်ကြည့်လိုက်တော့ အဖြူရောင် သွားတန်းညီညီတွေ ပေါ်သည်အထိ ပြုံးနေပြီး အတွေးနွံထဲ နစ်နေသည့်  သူငယ်ချင်းဖြစ်သူအား တွေ့လိုက်ရလေသည် ။

'' မင်းတော့ ကိုသော်တာ ရူး ရူးနေပြန်ပြီ...''

ေတဇ စကားကြောင့် စည်း သတိဝင်လာပြီး ရှက်ရယ် ရယ်လိုက်တော့သည်။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Where stories live. Discover now