တွဲလာတဲ့ လက်နှစ်စုံက အခုလောက်ဆို လေးနှစ်ကျော်ခဲ့ပြီ
ပြောင်းလဲ တတ်တဲ့ လူတွေကြား အကျင့်ဆိုးတွေကတော့ ဖျောက်မရဆဲ။
သူက အလုပ်ကို သိပ်ကြိုက်တဲ့ အလုပ် သမား၊ ဂီတဟာ သူ့ဘဝဆိုတဲ့ ဂီတသည်၊ ရင့်ကျက်တာမှလည်း လွန်ရောပဲမို့ ရန်ဖြစ်လို့ ငိုတိုင်း သူကပဲ စိတ်ရှည်ရှည် ချော့တတ်ပါတယ်။
ကိုယ်တစ်ခါမှ မစားဖူးတဲ့ သူ့ဒေသက မုန့်တွေကိုလည်း မြည်းစမ်းခိုင်း တတ်တဲ့ ကိုယ့်ရဲ့ အရှေ့တိုင်းသားလေး ကိုယ်ကတော့ အားကိုးတကြီး "လူကြီး" လို့ပဲ ခေါ်ပါတယ်။
ကိုယ်နဲ့ ရှစ်နှစ်ကွာတဲ့ ၁၈၁ စင်တီမီတာ အရပ်ရှိ လူကြီးက သိပ်ခန့်ညားတယ်။ လက်ချောင်း ရှည်ရှည်တွေက ကိုယ်နဲ့ ယှဉ်ရင် သိပ်ကို ကွာလှရော။
စက်ဘီး မစီးတတ်တဲ့ ကိုယ်နဲ့ စက်ဘီးသမား လူကြီးက ဘယ်လိုမှ ညှိမရ။ အဲ့လို အချိန်တိုင်းလည်း လူကြီးက စီးနေကြ ဘီးလေးကို ထိုင်ခုံတပ်ပြီး ရအောင် ကိုယ်နဲ့ ညှိယူတယ်။
အားလပ်ရက်လေးရလို့ ကြင်ကြင်နာနာလေး ချက်ပြုတ်ပေးချင်တိုင်းလည်း အနားမှ လိုက်ရူပ်တတ်တဲ့ လူကြီးဟာ ဒီလိုနေရာမှာတော့ ကိုယ့်ကို မှီရတတ်ပါတယ်။
အမြဲလိုလို ရှေ့တန်းတင်ပြီး ဘေးက အားပေးတတ်တဲ့ လူကြီးက ကိုယ်အောင်မြင်မှုလေး တစ်ခုလောက် ရတဲ့ခါ ပါးချိုင့်တွေပေါ်အောင် ပြုံးပါတယ်။
ပါရမီတွေကို ဖြည့်ဖို့ရာ
အချင်းချင်းရဲ့ စိတ်ဝိဉာဉ်ကို
ဖန်ဆင်းရှင်ဟာ လှလှလေး ချည်ပေးသည်..။အလုပ်မှာ အဆင်မပြေလို့ စိတ်ဓာတ်ကျတိုင်းလည်း လူကြီးဟာ ကိုယ်အတွက် ကုစားရာ ဇုန်တစ်ခုကို ဖြစ်လို့။
မရင့်ကျက်ဘဲ ဆိုးမိတိုင်း သူပြောတတ်တဲ့ ဆုံးမစကားတွေရဲ့ အစကို "ကလေးကကွာ" ဆိုပြီး ချီတတ်သည်။
ဒီလိုဆိုတိုင်း သူဟာ ကိုယ့်ကို ငြီးငွေ့နေတာမျိုး မဟုတ်ဘဲ ကိုယ့်ကို လိမ္မာစေချင်လို့ ပြောတဲ့ ပုံစံမျိုး။
ဆက်နွယ်မှုတွေကို ဘယ်လို ခိုင်အောင် ကျစ်လည်းဆို ကိုယ့်ခံယူချက်ကတော့ အချစ်တစ်ခုပါပဲ။
ရိုးရှင်းတဲ့ စာလုံး နှစ်လုံးသာ ပါတဲ့
အချစ်နဲ့သာဆို ဒီလက်တွေဟာ မြဲပါတယ်။Oct 26 2022