အပိုင်း(၅၃) ငါလည်းဒါကိုသိထားတယ်

25 5 0
                                    

အစိမ်းရောင်အလင်းက ချီယွဲ့ရဲ့လက်ပေါ်မှာ ခုန်ပေါက်လှုပ်ရှားနေကာ လက်မဝက်ခန့်ရှည်လျားပေသည်။ အစိမ်းရောင်အလင်းက လှုပ်ရှားနေသကဲ့သို့ လေထုတောင်မှ ဆူညံသံတွေထွက်ပေါ်လျက် ဖြတ်ပိုင်းခြင်းခံလိုက်ရသည့်အတွက် ၎င်းရဲ့အံ့အားသင့်ဖွယ်အဖျက်စွမ်းအားကို မြင်တွေ့ရပေသည်။

တစ်ချက်ကြည့်ရုံနဲ့တင် ထိုအစိမ်းရောင်အရှိန်အဝါက ဘာလဲဆိုတာကို လူတိုင်းက သဘောပေါက်မိကြသည်။ ၎င်းက ချီအိမ်တော်၏ အစွမ်းအထက်ဆုံးမူလကျင့်စဉ်တွေထဲကမှ တစ်ခုဖြစ်သည့် မီးလျှံအလင်းကျင့်စဉ်ပင်ဖြစ်သည်။

ဒီကျင့်စဉ်ရဲ့ ကြောက်မက်ဖွယ်စွမ်းအားကြောင့် သာမန်ကျင့်ကြံသူတွေအနေဖြင့် ၎င်းနှင့်တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။ ဒါ့အပြင် ချီယွဲ့က ဝင်ပေါက်ရှစ်ခုဖွင့်ထားမှုနဲ့အတူ ဒီကျင့်စဉ်ကိုသာအသုံးပြုခဲ့မယ်ဆိုရင် ချီစုဆောင်းမှုအဆင့်အောက်မှာရှိတဲ့ အစွမ်းအထက်ဆုံးကျင့်ကြံသူအနည်းငယ်ကသာ သူနဲ့ရင်ဆိုင်နိုင်ပေလိမ့်မည်။

ထို့ကြောင့်ပင် အခြေအနေက နောက်တစ်ကြိမ်ပြန်ပြီး ပြောင်းလဲသွားခဲ့ဟန်ရသည်။

ချီယွဲ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက လူသတ်လိုတဲ့အငွေ့အသက်တွေဖြင့် ပြည့်နှက်နေရပြီး သူက ဇူယွမ်ကိုကြည့်ကာ အေးစက်စွာဖြင့်ပြောသည်... "ဇူယွမ်... မင်းမှာ အမှန်တကယ်စွမ်းရည်ရှိတယ်ဆိုတာကို ငါဝန်ခံရလိမ့်မယ်... လွန်ခဲ့တဲ့နှစ်ဝက်မတိုင်ခင်က မသန်မစွမ်းဖြစ်နေတဲ့မင်းက ဒီနှစ်ဝက်အတွင်းမှာ ဒီလိုအခြေအနေထိရောက်လာပြီး ငါ့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး..."

"မင်းက ငါ့ကို ကြီးမားတဲ့ခြိမ်းခြောက်နိုင်စွမ်းရှိတယ်ဆိုတာကို ငါခံစားမိရတဲ့အတွက် ငါက မင်းကိုနောက်တစ်ကြိမ် မသန်မစွမ်းဖြစ်အောင် ပြန်လုပ်ပေးတာက အကောင်းဆုံးဖြစ်လိမ့်မယ်..." ချီယွဲ့က ကြောက်စရာကောင်းလောက်အောင် သူ့ရဲ့ဖြူဖွေးတဲ့သွားတွေ ပေါ်လာသည်အထိပြုံးလိုက်မိပြီး ကြမ်းကြုတ်စွာပြောလိုက်သည်။

နဂါးမင်းသား၏ကံကြမ္မာWhere stories live. Discover now