*mine part 3*

314 44 2
                                    

"ရာရော ရှေ့ဖြစ်ဟောနိုင်လား"
"လူသားဖြစ်နေရခြင်းရဲ့ကံကောင်းမှုက ဘာလဲသိလား အိုင်ရင်း မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်နေရခြင်းပဲ လူသားတွေက ဆိုးရွားလွန်းတဲ့အခြေအနေမှာတောင် မျှော်လင့်ချက်ကို ရအောင်ရှာနိုင်ကြတယ် တချို့လူတွေ မတွေ့ကြဘူး တကယ်က သူတို့က တွေ့အောင် မရှာချင်ကြလို့ပါ အဲ့တာကမှားတယ် လူသားတယောက်ရဲ့စွမ်းအားက နတ်ဘုရားတွေထက် သာလွန်တယ် အိုင်ရင်း လူသားတွေကပဲ သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင်ဖန်တီးနိုင်တာ
အဲ့တာကြောင့် ဘာအတွက် ရှေ့ဖြစ်ဟောတွေ
လိုနေမှာလဲ ရှေ့ဖြစ်ဟော ဉာဏ်ပညာနဲ့ ဟောကိန်းတွေရဲ့ တိုက်တန်နတ်ဘုရားတွေဖြစ်တဲ့ Coeus နဲ့ Phobe က ရာ့အဘိုးနဲ့အဘွားလေ
ရာက ရှေ့ဖြစ်ဟောနိုင်တယ် အနာဂတ်ကို ကြိုသိနိုင်တယ် ဒါပေမယ့် အဲ့ဒီအစွမ်းကို မသုံးရဖို့
ကြိုးစားတယ် ရာက သဘာဝတရားကို ဆန့်ကျင်ရတာကိုလည်း မကြိုက်ဘူးလေ"

အိုင်ရင်းဆိုတာက ငြိမ်းချမ်းခြင်းနဲ့ နွေဦးရာသီရဲ့နတ်ဘုရားမ
Irene ဆိုတာက ဂရိစကားလုံး Eirene ငြိမ်းချမ်းရေးဆိုတာကနေ ဆင်းသက်လာတာပါ
Zeus နတ်ဘုရားနဲ့ Themis နတ်ဘုရားမကနေ
မွေးဖွားလာပြီး Dike နဲ့ Eunomia ဆိုတဲ့
ညီအမနှစ်ယောက်လည်း ရှိပါတယ်
သူမသာဆန္ဒရှိတဲ့အတိုင်း လုပ်ခွင့်ရရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာတဲ့
ဒါပေမယ့် ဇုနတ်ဘုရားက အဲ့လိုဖြစ်ဖို့ ခွင့်ပြုမပေးခဲ့ဘူး

"မင်းက လူတမျိုးပဲ ရာ
တကယ်တမ်း မင်းက လူသားတယောက်မှမဟုတ်တာပဲ နောက်ပြီး ကိုယ်က မင်းထက်ကြီးတယ်နော် မမလို့ခေါ်ပါ"
"မမလို့ခေါ်စေချင်ရင် ရာနဲ့ တွဲလေ"
"အဲ့တာဘာပြောတာလဲ"
"အိုင်ရင်း တကယ်မသိတာလား
တွဲတယ်ဆိုတာ တယောက်ကိုတယောက်ချစ်နေတာကိုပြောတာ"
"အဲ့လိုပြောရရင် မင်းနဲ့ကိုယ်က တယောက်ကိုတယောက် ချစ်နေကြသားပဲ"

အိုင်ရင်းနတ်ဘုရားမက တအားရိုးသားတာ
အဲ့တာကြောင့်လည်း သူ့ကိုဆို အမြဲစနောက်မိတယ်
သူက ဘယ်တော့မှ စိတ်မဆိုးတတ်ဘူးလေ

"မတူဘူး အိုင်ရင်းရဲ့
အဲ့ဒီအချစ်မှာက အလုံးစုံရိုးသားနေတာမဟုတ်ဘူး ရယူလိုမှုရမ္မက်တွေပါတယ်
ပိုင်ဆိုင်လိုခြင်း အတ္တတွေရော"
"ဇုနတ်ဘုရားနဲ့ဟယ်ရာနတ်ဘုရားမလိုလား"
"အဲ့လိုမျိုးပေါ့"

*mine*(complete)Where stories live. Discover now