VI

521 92 40
                                    

[U]

" ပိတ်ရက်မှာကလေးတွေဘယ်သွားချင်ကြလဲ "

အထက်တန်းပထမစာသင်နှစ်ဝက်ပြီးလို့ နွေရာသီ
ပိတ်ရက်ကိုရောက်လာခဲ့ပြီမို့ မာမီကမိသားစုလိုက်
ခရီးသွားဖို့စီစဉ်နေချင်းဖြစ်သည်။ ထယ်ယောကလည်း
ငယ်ငယ်လိုမချူချာတော့ဘဲ ကျန်းမာရေးပြန်ကောင်း
လာတာကြောင့်လည်းလိုက်ပို့တာမျိုးဖြစ်နိုင်သည်။
ထွေထွေထူးထူးသွားချင်စိတ်မရှိ၍ညစာစားသည့်
ထမင်းဝိုင်းမှာထယ်ယောင်းတို့သားအဖသုံးယောက်က
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။

" မာမီကရောဘယ်သွားချင်လဲ "

" မာမီကသားတို့ကို‌သွားစေချင်လို့မေးနေတာလေ
သားတို့သွားချင်တဲ့နေရာသာပြော... မာမီတို့က
အဆင်ပြေတယ် "

ထယ်ယောင်းပြန်မေးလိုက်ချိန် ဗြောင်ချယ်ကခပ်ပြုံးပြုံး
နှင့် ထယ်ယောင်းပန်းကန်ထဲ ဟင်းတစ်ဖက်လှမ်းထည့်ပေးရင်းဖြေသည်။ထို့နောက်မိသားစုထမင်းဝိုင်းလေးက
စောစောကအတိုင်းပြန်၍တိတ်ဆိတ်သွားပြန်၏။

" ဒယ်ဂူကအိမ်ကိုသွားကြမလား... အဲ့ကို
မရောက်တာကြာပြီလေ "

အတန်ကြာတိတ်ဆိတ်နေရင်းမှ ထယ်ယော၏အသံက
ထွက်လာသည်။

" အွန်း... ကောင်းသားဘဲ "

ထယ်ယောပြောသည့်စကားကိုသူ့အဖေကဘေးကဝင်၍
ထောက်ခံသည်။ ထယ်ယောင်းကတော့ဘာမှဝင်မပြောဘဲ
တိတ်တိတ်လေးသာနေ၍ထမင်းဆက်စားနေသည်။
ဒယ်ဂူရှိအိမ်ကမင်္ဂလာလက်ဖွဲ့အဖြစ်ရထားတဲ့အပန်းဖြေ
စံအိမ်ကြီးဖြစ်သည်။ဒယ်ဒီအလုပ်ကိစ္စနှင့်ဒယ်ဂူသွားရင်
သူပါသွားတတ်၍မကြာခဏရောက်ဖူးပေမယ့်ကျန်းမာရေးကြောင့်ခရီးရှည်မသွားနိုင်သည့် ထယ်ယောကထိုအိမ်ကို
တစ်ခါတစ်ကျင်းသာရောက်ဖူးသည်။ထို့ကြောင့်သူ
ထယ်ယောကိုဦးစားပေးဖို့ဆုံးဖြတ်လိုက်သည်။

" ယောင်းငယ်ကဘာလို့တိတ်နေတာလဲ "

" ဟင်... အဲ့ကိုဘဲသွားကြမယ်လေ~ ကျွန်တော်လည်း
မရောက်တာကြာတော့သွားချင်တယ် "

" ဟုတ်ပြီ...သွားမယ့်နေရာကအတည်ဖြစ်သွားပြီဆိုတော့
နောက်တစ်ပတ်စနေနေ့သွားကြမယ်ဆိုရင်အဆင်ပြေလား... ထယ်အူ "

𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-Where stories live. Discover now