S2-13

1.7K 124 8
                                    

သျှင်းသန့်ဦး အိမ်ထဲသို့ဝင်လာသည့်အခါ ဧည့်ခန်းရှိ ဆိုဖာဆက်တီ၏ ထိပ်ဆုံးခုံ၌ ခပ်မတ်မတ်ထိုင်ကာ မျက်စိများမှိတ်ထားပါသော တစ်ခုခုတွေးနေသည်လား၊ အိပ်ပျော်နေသည်လားမသဲကွဲသော ဦးသီဟဦးအားတွေ့ရသောကြောင့် သျှင်းသန့်ဦးမျက်ခုံးတစ်ချက်ပင့်မိသည်။

ဧည့်ခန်းနံရံ၌ကပ်ထားသော ရွှေအိုရောင်တိုင်ကပ်နာရီကြီးအား တစ်ချက်လှမ်းကြည့်လိုက်တော့ နာရီလက်တံအတိုနှင့်အရှည်သည် ၁၁နာရီတိတိအားညွှန်ပြနေလေသည်။

နွမ်ဟိုင်ရွာ၌ ၄လလောက်ကြာမြင့်သွားတာမို့ ရန်ကုန်ကိုပြန်ရောက်ရောက်ချင်း ပုံနေသောအလုပ်များကြောင့် သျှင်းသန့်ဦး နေ့တိုင်းလိုလိုအလုပ်ပုံထဲ၌ခေါင်းစိုက်နေရပြီး သျှင်းသန့်ဦး၏ အခုတလောအိမ်ပြန်ချိန်သည်လည်း ညသန်းခေါင်ယံအနီးနားမှဖြစ်သည်။

အရင်နေ့တွေတုန်းက ဒီအချိန်လောက်ဆို အိပ်နေလောက်ပြီဖြစ်သောဦးသီဟဦးအား ဒီနေ့တော့ မမျှော်လင့်ဘဲ ဧည့်ခန်းထဲ၌တွေ့လိုက်ရတာမို့ ထူးဆန်းနေပေမယ့် အလုပ်ပင်ပန်းထားသောကိုယ်ခန္ဓာကြောင့် ရှည်ရှည်ဝေးဝေးမစဥ်းစားနေတော့ဘဲ မြန်မြန်အနားယူရန်သာစဥ်းစားကာ ခြေလှမ်းများအား အပေါ်ထပ်ရှိ မိမိအခန်းရှိရာသို့သွားရန်သာ ပြင်လိုက်သည်။

''သျှင်းသန့်ဦး ဒီမှာခဏလာထိုင်ဦး! ''

အပေါ်ထပ်အခန်းဆီသို့သွားရန် လှေကားထစ်အား နင်းလျှောက်တော့မည့်ခြေလှမ်းများသည် မွေးစားအဖေ၏ သြဇာညောင်းလှသောအသံအောက်၌ ရပ်တန့်သွားရသည်။

ထို့နောက် စိတ်ပျက်စွာဖြင့် အနည်းငယ်ပုံပျက်နေပြီဖြစ်သော ဆံပင်များအား ထိုးထိုးထောင်ထောင်ဖြစ်သွားသည်အထိ လက်ဖြင့်အကြမ်းပတမ်းဆွဲဖွပစ်ကာ ဧည့်ခန်းဆီသို့ ခြေလှမ်းများအား ဦးတည်ချက်ပြောင်းလိုက်ပြီး ဦးသီဟဦး၏ ညာဘက်ဘေးရှိထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။

''ဘာပြောမလို့လဲ! ကျွန်တော်ပင်ပန်းနေလို့ နားချင်နေပြီ! ''

သျှင်းသန့်ဦး၏ စိတ်ရှုပ်နေသောအသံအား ပုံမှန်ဆို ဦးသီဟဦးက မျက်နှာပျက်သွားလောက်မယ်ဆိုပေမယ့် အခုတော့ ခါတိုင်းနှင့်မတူစွာပင် ဦးသီဟဦး၏မျက်နှာအမူအရာသည် ရေသေအလား တည်ငြိမ်နေလေသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2حيث تعيش القصص. اكتشف الآن