The Lengend of the blue sea
အပိုင်း(64) ဝူထန်မြို့မှနန်းဟိုင်ကျင်းရှူပွဲတော်
"ဝိူးးဟိုးး မိန်းမလှလေးေတွပဲ ကြည့်လိုက်ပါဦး ခြေတံရှည်လေးတွေကလဲလှမှလှ သူများကိုမြင်အောင်ပြထားပြီးတော့ မြူစွယ်နေပြီးတော့ သူများ အပူလုံးကြွလာတဲ့အခါကျ တာဝန်မယူချင်လို့မရဘူးနော် "
ဝုံပုလွေလိုမျက်နှာထားနဲ့သူက ရီနာနာရဲ့ခြေတံရှည်တွေကိုကြည့်ကာ ပြောလာလေတယ်
ပြောရင်းနဲ့ရှေ့ကိုလဲတက်လာလိုက်သေးတယ်
ရီနာနာပြုံးလိုက်တယ် သူမအပြုံးကလှလွန်းလို့ ငနဲတွေအကုန်လုံး ငေးမောသွားကြလေရဲ့ အဲ့လိုငေးမောသွားတာကပဲ သူတို့ရဲ့အသက်ကိုနှုတ်ယူသွားမယ်ဆိုတာသိရင် သူတို့ငေးရဲပါ့မလား
ရီနာနာက တိုင်တန်ကိုလက်ထဲရောက်လာစေပြီးမှ သူတို့ကိုတရမ်းသာရမ်းလိုက်လေတယ်
လည်ပင်းအားလုံးတိတိရိရိပြတ်တောက်သွားခဲ့လေရဲ့
သူမအနောက်က မိန်းကလေးက ကြောက်လွန်းလို့ဖင်ထိုင်ရက်လဲသွားလေတယ်
ရီနာနာ သွေးစွန်းနေတဲ့မြင်ကွင်းတွေကိုကွယ်လိုက်ပြီး ရိရန်ကိုအချက်ပြလိုက်တယ်
ရိရန်က မိန်းကလေးကို ထူပေးလိုက်ပြီး မတ်တပ်ရပ်စေလိုက်ကာ
"မိန်းကလေးအဆင်ပြေရဲ့လား"
"ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
ေသွးစွန်းတဲ့မြင်ကွင်းကိုအမှတ်ရနေတဲ့မိန်းကလေးက အခုတော့ရိရန်ကိုမျက်နှာရဲရဲလေးနဲ့ကြည့်နေတယ်
ရိရန်က သတိပြုမိလိုက်ပေမဲ့ ဘာမှမသိသလိုပဲ ထားလိုက်ကာ ရီနာနာဘေးကိုရောက်သွားကာ သူမရဲ့ခါးကိုဖက်လိုက်ပြီး
"မင်းရောအဆင်ပြေလား"
အဲ့မြင်ကွင်းကို မိန်းကလေးမြင်လိုက်တော့ သူမမျက်ဝန်းတို့ကိုအောက်စိုက်လိုက်ကာ စိတ်ပျက်မူ့ကိုဖုံးကွယ်လိုက်တယ်
ရိရန်ကလဲ တမင်မြင်အောင်လုပ်ပြတာမို့ မိန်းကလေးရဲ့အသဲကွဲသွားတာကိုဂရုမစိုက်ခဲ့ဘူး
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...