ဒေါက် ..... ဒေါက်" မာမီကြီး ကျွန်တော် လင်းရောင်ခြည်ပါ "
တဖက်ကခွင့်ပြုချက်ရသည်နှင့် အခန်းထဲဝင်ခဲ့ပီး မာမီကြီးအား နှုတ်ဆက်ကန်တော့ရန် ထိုင်ချလိုက်သည် ။
"သားရောင်ခြည် သွားဖို့အဆင်သင့်ဖြစ်နေ
ပီလား "" ဟုတ်ကဲ့ မာမီကြီး ။ ကားချိန်လဲနီးနေပီဆိုတော့ မာမီကြီးကို မသွားခင် လာကန်တော့တာပါ"
" မာမီကြီးရဲ့သားလေး လမ်းခရီးတစ်လျောက် ဘေးအန္တရာယ်တွေ ကင်းဝေးပါစေကွယ် ။ မိတ်ဆွေကောင်း ဆရာသမားကောင်း ကူညီမစမဲ့သူများနဲ့တွေ့ဆုံရပါစေ ။
သားရောင်ခြည် အဆင်မပြေတာရှိရင် မာမီကြီးဆီ ဖုန်းဆက်နော် ။ အလင်းတန်းဆိုတဲ့ ဒီရိပ်မြုံလေးမှာရှိတဲ့ မိသားစုတွေကသားကို လွမ်းနေရတော့မှာပဲ ""ကျွန်တော်လဲ အမြဲသတိရနေမှာပါ "
မျက်ရည်များဖြင့် နှုတ်ဆက်ရင်း တာဝန်ကျရွာလေးကို ခရီးဆက်ဖို့ အဝေးပြေးကားဂိတ်ဆီသို့
ထွက်ခွာခဲ့ရသည် ။ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ဖွံ့ဖြိုးဆဲကျေးလက်ဒေသလေးမှာ သွားရောက်ကာ ပညာမျိုးစေ့ချကြဲချင်တဲ့ ဆန္ဒလေးအထမြောက်လာခဲ့ပီ ။ မကွေးတိုင်းဒေသကြီးထဲမှာရှိတဲ့ တမာတန်းရွာလေးမှာ တာဝန်ထမ်းဆောင်ရန် order ကျလာခဲ့သည် ။
မန္တလေးမြို့ကြီးကနေ ထွက်ခွာပီးလေးနာရီကျော်ကြာကားစီးပီးတဲ့နောက် တမာတန်းကျေးရွာသို့ဆိုတဲ့ ရွာညွှန်ဆိုင်းဘုတ်လေးနား ကားရပ်ပေးသည် ။ ကားပေါ်ကဆင်းကာ လာကြိုမဲ့သူကို ဝေ့ဝဲရှာလိုက်စဉ် အသားညိုညို ဒေါင်ကောင်းကောင်း လူလတ်ပိုင်းအမျိုးသားတဦး အနားရောက်လာခဲ့သည် ။
"ဆရာလေးလင်းရောင်ခြည် ဟုတ်လားဗျ "
" ဟုတ်ပါတယ်ခင်ဗျ ဒီကအကိုက.. "
" ကျွန်တော်က သာဒင်ပါ တမာတန်းရွာ သူကြီးက အကြိုလွှတ်လိုက်လို့ "
"ဟုတ်ကဲ့ သွားကြအောင်လေ "
"လာ .. ဆရာလေး ဟိူဘက်နားမှာ ကျွန်တော် ဆိုင်ကယ်ရပ်ထားခဲ့တယ်"
YOU ARE READING
Melody Of My Heart
Short Storyဆရာ့ကို နွေးထွေးစေမဲ့မနက်ခင်းအစရဲ့ ရောင်နီ နေဝင်ဆည်းဆာရဲ့ ရောင်နီလေး ဖြစ်ခွင့်ပြုပါ သက်တံ့ရောင်နီ ဉယျာဉ်မှူးတန်မဲ့ ပန်းကောင်းအညွန့်ချိုးတယ်လို့ဆိုကြလေမလား .... လင်းရောင်ခြည်