ICE♡CREAM TO KIMCHI (Uni Ver)
မနက်စောစောစီးစီး ဝုန်းဒိုင်းကျဲအောင်ဆော့တတ်သော Kim Taehyungလေးက ညဘက်တွင်တော့ စောစောအိပ်သည့်အလေ့အထလေးရှိသည် ......
ဟုထင်လျှင်မှားသွားမည်။ ညမအိပ်မချင်း Appaတို့အခန်းထဲသွားကာ ခုတင်ပေါ်တက်၍ပျော့အိစီးသလိုခုန်ပေါက်ဆော့သေးသည်။ သူ့မွေ့ယာပေါ်တွင်တော့မလုပ်။ဒီတခါသူ့မွေ့ယာပေါ်မှာ ခုန်ပေါက်ဆော့၍ပျက်စီးလျှင် အသစ်ထပ်ဝယ်မပေးတော့ဘဲ ကြမ်းခင်းပေါ်စောင်ပတ်၍အိပ်ခိုင်းမည်ဟူသော Appa၏ခြိမ်းခြောက်မှုကို Taehyungလေးကြောက်သည်။ဒါကြောင့်လဲ Appaတို့မွေ့ယာပေါ်မှာသာ သွားဆော့ဖြစ်ခြင်းဖြစ်၏။ခုန်ပေါက်ဆော့၍ မောသွားခါမှ ကိုယ့်အခန်းကိုပြန်၍အိပ်သည်။နောက်တနေ့မနက်စောစောတွင် Mr. Kimနဲ့ Mrs. Kimတို့က ချစ်လှစွာသောမျောက်လောင်းလေးအိပ်ရာမထခင် Taehyungလေးရဲ့ရှေ့ရေးအတွက်တိုင်ပင်ဖြစ်ကြ၏။
Taehyungနိုးချိန်တိုင်ပင်လျှင်တော့ သေချာသည်။စကားသေချာပြောမရဘဲ ဟိုကျော်ဒီခွနှင့်ဆော့နေ၍ပြီးတော့မည်မဟုတ်..."မိန်းမရေ...ငါတို့သားလေးက မျောက်ရှုံးအောင်သာဆော့နေတာ၊အသက်အရွယ်ကဖြင့်မငယ်တော့ဘူးကွ...19နှစ်တောင်ရှိနေပြီ"
"ဟုတ်ပါ့ရှင်...ဒါတောင်ကျွန်မမျက်စိထဲတော့ ကလေးလေးပါဘဲ"
"ဒါတော့ဒါပေါ့ကွာ၊ ဒါပေမယ့်လဲ ငါအဲ့အရွယ်လောက်ကဆို တက္ကသိုလ်တစ်ဖက်နဲ့ လုပ်ငန်းတွေကို ဦးစီးနေပြီကွ၊ ခုဟာက သားလေးက လုပ်ငန်းကိစ္စတွေစိတ်ဝင်စားဖို့နေနေသာသာ ကျောင်းသွားပြီဆိုတာနဲ့ ဒရိုင်ဘာကို နည်းမျိုးစုံနဲ့ပူဆာပြီး ကစားကွင်းမှာဆော့နေတဲ့ကလေးတွေနဲ့ သွားကစားနေတာတဲ့ကွ။တကယ့်မနိုင်စိန်"
"ဟုတ်တယ်နော်။ ကျွန်မတော့ စဥ်းစားထားတာတစ်ခုရှိတယ်သိလား"
"ဟေ...ဘာများလဲ"
"ဒီလိုလေ ကျွန်မစဥ်းစားမိတာက ထယ်လေးကို အိမ်ထောင်ချပေးလိုက်ရအောင်"
Kimသခင်ကြီးမျက်လုံးပြူးကာ အံ့ဩသွားချေပြီ-
"မိန်းမရယ်...အကြံကောင်းမှတ်လို့၊မင်းရဲ့သားကို ဒီလိုပုံစံနဲ့ အိမ်ထောင်ချပေးမှတော့ သူ့မိန်းမဖြစ်ရမဲ့သူက သူ့ကိုကလေးထိန်းလို လိုက်ထိန်းနေရတော့မှာပေါ့ဟ"
YOU ARE READING
ICE♡CREAM TO KIMCHI
Fanfiction- ကိုကိုရေ ~ ကင်မ်ချီလေးကလေ ရေခဲမုန့်စားချင်လို့တဲ့ သိလား။ ထယ်ထယ်ပြောတာ ဟုတ်ဘူးနော် ။သူစားချင်နေတာပါ ထယ်ထယ်ကပြောရုံဘဲပြောပြတာ ။ - ဟုတ်လား။ကိုယ်ကတော့ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ကိုလာနမ်းတဲ့သူကို ဝယ်ကျွေးမှာဘဲ