Unicode
Taehyung တစ်ယောက် ဆေးရုံးကပြန်လာပြီးထဲက အတွေးလွန်နေတော့သည်။ ဘေးကဖုန်းမြည်သံ ကြားမှ တွေးလက်စ အတွေးကိုရပ်လိုက်သည်။
"Hello "
"မင်း ဆေးရုံသွားရမှာ ဘာလို့ငါ့ကိုမပြောတာလဲ"
"Jeon မအားမှာဆိုးလို့ပါ"
"ငါအား အား မအား အား ပြောပြရမှာမင်းတာဝန်လေ "
"ဟို..ကျွန်တော်မှားသွားပါတယ် နောက်ဆိုပြောပါ့မယ် "
"ကလေးအနေအထားကရော ဘာတဲ့လည်း"
"အားလုံးကောင်းပါတယ်"
"အင်း... ဒါဆို ညနေစောစောပြန်လာခဲ့မယ် မင်းဘာစားချင်လည်း ဘာဝယ်လာခဲ့ရမလည်း"
Taehyungလည်း Jungkook စီက ထိုစကားကြားတော့ သူစားချင်နေတဲ့ တော့ပိုကီ လေးမှာလိုက်သည်။
"ကျွန်တော် တော့ပိုကီ စားချင်တယ်"
"အဲ့ဒါက အရမ်းစပ်တယ်လေ မင်းကကိုယ်ဝန်ကြီးနဲ့ တည့်မှာ မဟုတ်ဘူး တစ်ခြားစားချင်တာပြော"
"ကျွန်တော် အဲ့ဒါပဲ စားချင်တယ် "
"အေးကွာ ဒါဆိုလည်း အစပ်ရှော့ပြီး ဝယ်လာခဲ့မယ်"
Taehyungလည်း Jungkook ဖုန်းချသွားမှ
စောနကအတွေးကိုပြန်တွေးတော့သည်။!Jeon ကိုပြောပြလိုက်ရင်ကောင်းမလား
မဖြစ်သေးပါဘူး သေချာတာလည်းမဟုတ်ပဲနဲ့ ပြောပြရင်လည်း Jeonကယုံမှာလား မပြောတော့ပါဘူး သေချာစုံစမ်းကြည့်ပါဦးမယ်!>>>>>
ညနေ Jungkook ရုံးဆင်းချိန်ရောက်တော့ Taehyung စားချင်တဲ့ တော့ပိုကီလေး ဝင်ဝယ်လိုက်သည်။ တစ်လက်စထဲ Taehyung ကြိုက်တဲ့ စတော်ဘယ်ရီသီး ပါဝယ်လာလိုက်သည်။
Jungkook ကားလေး ခြံထဲ ရောက်တော့ Taehyungက အပြေးလေးထွက်ကြိုသည်။
"Jeon ကျွန်တော့်ကိုပေးလေ အိတ်"
Jungkook လည်း သူ့အိတ်ကိုTaehyungကိုလှမ်းပေးလိုက်သည်။
အိမ်ထဲရောက်တော့
"ရော့မင်းစားချင်နေတဲ့ တော့ပိုကီ ငါ တစ်လက်စထဲ စတော်ရီသီးပါဝယ်လာခဲ့တယ် မင်းစားချင်မလားလို့"