အပိုင်း - ၆၈ ( ခေါင်းဆောင်ကျောက်တစ်ယောက် အရမ်းသောကရောက်နေတယ် )(တစ်ခါတစ်လေ အမတ်မင်းက ခေါင်းဆောင် မစွမ်းဆောင်နိုင်လို့များလားလို့တောင် ထင်ချင်ထင်မှာ )
သို့နှင့် နှစ်ယောက်သား မနက်စာစားပြီးသည့်နောက် ဝမ်းလျိုနျဲန်က ရုံးသို့ ပြန်သွားလိုက်သည်။ ခဏကြာသောအခါ လုကျွေးက လက်ထဲ ကြွေခွက်အဖြူတစ်လုံး ကိုင်ထားလျက် ကျောက်ယွဲ့ဆီ ရောက်လာ၏။
"ဒါလည်း အားတိုးဆေးပလား?"
ကျောက်ယွဲ့ မေးလာခြင်းဖြစ်သည်။
"မဟုတ်ဘူး"
လုကျွေးက ထိုကြွေခွက်သေးသေးလေးအား စားပွဲပေါ် တင်ပေးလိုက်သည်။
"အအေးဓာတ်ပေးတဲ့ဆေးနဲ့ စားစရာမုန့်နည်းနည်း လုပ်ပေးဖို့ ဘယ်လက်ရုံးကို တောင်းဆိုလာတာပါ"
"အအေးဓာတ်ပေးတဲ့ဆေး?"
ကျောက်ယွဲ့ အံ့ဩသွားသည်။ လုကျွေးမှ ရှင်းပြလာ၏။
"ညလယ်ခေါင်ကျ ခေါင်းဆောင်တစ်ယောက်တည်း လျှောက်ပြီး လမ်းသလားမှာကို ကြိုတင်တားဆီးဖို့ပါ"
"....."
"ဒါကြောင့် မြန်မြန်သောက်လိုက်တာ ပိုကောင်းပါမယ်"
ကျောက်ယွဲ့မှာ ခေါင်းတဆစ်ဆစ်ကိုက်လာ၏။ စောနကကျ အားတိုးဆေး၊ ယခုကျတော့ အပူထုတ်ပေးမည့် အငြိမ်းဆေး။ ဤအတို်င်းသာ ဆက်သွားပါလျှင် အနှေးနှင့်အမြန် သူ ရူးသွားလိမ့်မည်ဟု ခံစားလာရ၏။
သို့နှင့် ထိုဆေးအား ကျောက်ယွဲ့ အကုန်သောက်ပြီးသည့်ထိ ကြည့်လိုက်ပြီးခါမှ လုကျွေးက ပြောလာသည်။
"အမတ်မင်းက ခေါင်းဆောင်ကို နွားမြီးဟင်းချို ဘာလို့လာတိုက်သလဲဆိုတာ အကြောင်းရင်း သိသလား"
"အာဟာရတိုးပွားဖို့လေ"
"အာဟာရတိုးပွားစေတဲ့ဟာတွေ အများကြီးရှိတယ်"
ကျောက်ယွဲ့က ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်မှာမှ ပြန်ဖြေလာ၏။
"ငါ ကြားဖူးတာတော့ အမဲသားသွားဝယ်တဲ့အခါ ဆိုင်ရှင်က နွားမြီးပါ လက်ဆောင်ထည့်ပေးလိုက်ရင် အဲ့နွားမြီးကို ထမင်းချက်လုပ်တဲ့လူက လွှင့်ပစ်လို့ မရဘူးလို့ ကြားတယ်"
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...