LABYRINTH

1.3K 80 12
                                    


Please Remember!
❗️ This is just a piece of fiction❗️










တီးတိုးပြောဆိုသံတွေ။
သင်္ကာမကင်းတဲ့ အကြည့်တွေ။
တစ်ခါတစ်လေကြ စောင်းမြောင်းပြောဆိုသံတွေအထိ။

ဒါတွေက သူ အခန်းထဲဝင်လာတာနဲ့
ကြုံတွေ့နေကြ အရာတွေ။

" အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ! "

မနက်ခင်းကို အားအင်အပြည့်နဲ့ စတင်လိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းပန်းတသာနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ဂျာကြီး! "

မနေ့ကမှ အသစ်ဝင်လာတဲ့ အလုပ်သင်လေးကလွဲပြီး ကျန်တဲ့သူတွေကတော့ မသိချင်ယောင်ဆောင်ကာ ကိုယ့်အလုပ်ကို ဆက်လုပ်ကြသည်။

ဘယ်သူတွေ ဘယ်လိုပဲ ဘာအကြောင်းတွေပြောပြော သူကတော့ ဂရုမစိုက်ပါဘူး။
အလုပ်ကို ကောင်းကောင်းလုပ်မယ်။
အလုပ် စောစောပြီးရင် ချစ်ရတဲ့ သူ့ အသည်းတစ်ခြမ်းလေးရှိတဲ့ အိမ်ကို မြန်မြန်ပြန်ရမယ်။

အီဟီဆွန်းရဲ့ ခေါင်းထဲမှာ နေ့စဉ်ရက်ဆက် ဒီ အတွေးတစ်ခုသာ ရှိသည်။

" ဒီနေ့လည်း ကိုယ် အလုပ်မြန်မြန်ပြီးအောင် လုပ်ပြီး အိမ်ပြန်လာခဲ့မယ်နော် "

သူ့ ကွန်ပျူတာဘေးမှာ sticky noteလေးနဲ့ကပ်ထားတဲ့ ဘောင်ခတ်သိမ်းထားတဲ့ ဓါတ်ပုံတစ်ပုံရှိ၏။

ဟီဆွန်းက မနက်တိုင်း ရုံးရောက်လို့ အလုပ် စမလုပ်ခင် အမြဲတမ်း ထို ဓါတ်ပုံလေးကိုကြည့်ပြီး အားယူလေ့ရှိသည်။

ဓါတ်ပုံထဲမှ ကောင်လေး 2ယောက်က ၀က်သစ်ချပင်အကြီးကြီး၏အောက်တွင် လက်ချင်းမြဲစွာ တွဲရပ်ကာ သူတို့ကို ရိုက်ပေးနေသော ကင်မရာဘက်သို့ မကြည့်ဘဲ အချင်းချင်း ကြင်နာမှုတွေ ပြည့်နှက်နေသော ကြည်နူးဖွယ် မျက်၀န်းတွေနဲ့ ကြည့်ကာ သဘောကျစွာ ပြုံးရယ်နေကြ၏။

ဟီဆွန်းရဲ့ အသည်းတစ်ခြမ်းက ဓါတ်ပုံထဲမှာ အဖြူ‌ရောင် ရှပ်အင်္ကျီပေါ်က ခရမ်းနုရောင် သိုးမွေး cardiganကို ၀တ်ထားတဲ့ ကောင်လေး။
သူ့လက်ကို မြန်စွာ ဆုပ်ကိုင်ထားတဲ့ ချစ်ရသူပေါ့။

𝐋𝐀𝐁𝐘𝐑𝐈𝐍𝐓𝐇 || ʜᴇᴇʜᴏᴏɴ ✔︎Where stories live. Discover now