''အကိုဂျယ်ယွန်း ကျွန်တော် အဆင်သင့်ဖြစ်ပြီ ''
အသံကလေးခပ်တိုးတိုးဖြင့်အဆောင်တော်တံခါး၏အနောက်နားမှာခိုးကြောင်ခိုးဝှက်ဖြင့်
ဂျယ်ယွန်း ကိုခေါ်နေသည့် ဂျောင်ဝန်း၏ပုံစံက စိတ်လှုပ်ရှားမှုအပြည့်နှင့်။''အင်း ။ အထိန်းတော်ချွဲကို စားဖိုဆောင်ဘက် လွှတ်လိုက်တယ် ၊မင်းသား ဗိုက်ဆာလို့တစ်ခုခုလုပ်ပေးဖို့ဆိုပြီး ..''
ဂျယ်ယွန်း က ဂျောင်ဝန်းကို ခေါင်းအစခြေအဆုံး သေချာကြည့်ရင်း ပြန်ဖြေသည်။ထို့နောက် ဂျယ်ယွန်းက သူ၏ဝတ်ရုံအတွင်းအိတ်ထဲမှ အနီရောင်ပိုးချည်ရှုံ့အိတ်လေးကိုထုတ်ယူ၏။ ဂျောင်ဝန်း ကတော့ဂျယ်ယွန်းပြုမှုသမျှကိုကြောင်ပေါက်စလေးတွေကသူ့သခင်ကိုကြည့်နေသလိုမျိုး၊ ဂျောင်ဝန်း၏မျက်ဝန်းအိမ်လှလှလေးများဖြင့် ဂျယ်ယွန်း ကိုကြည့်နေ၏။ ဂျောင်ဝန်း ၏ မျက်လုံးဝိုင်းဝိုင်းလေးများကနှစ်ဆပိုပြီးဝိုင်းစက်သွားရသည်မှာ ဂျယ်ယွန်း ကမပြောမဆို(ခွင့်မတောင်းပါပဲ)ဖြင့် ဂျောင်ဝန်း၏လက်ကောက်ဝတ်နုနုကလေးကို ဆွဲယူလိုက်သောကြောင့်ပင်။ထို့နောက် အစိမ်းရောင်လဲ့လဲ့ကျောက်စိမ်းလုံးလေးတစ်လုံးကို အနီရောင်ပိုးကြိုးကလေးဖြင့်သီကုံးထားပါသော လက်ပတ်ကြိုးကလေးကို
ဂျောင်ဝန်း၏ နို့နှစ်ရောင်သန်းနေသော၊သွေးကြောစိမ်းစိမ်းကလေးများကို ပကတိအတိုင်းမြင်နေရပါသော လက်ကောက်ဝတ်လေးထက်မှာ နေရာချပေး၏။''အဆောင်လက်ပတ်! အန္တရာယ်ကင်းအောင်..
အင်း.. အဲ့ဒီသဘောလ်ို့မှတ်ထားလိုက် ''ဂျယ်ယွန်း ကဂျောင်ဝန်းသိချင်နေသည့်မေးခွန်းကို မမေးရသေးခင်မှာပဲအဖြေပေး၏။
သိချင်တာသိလိုက်ရသည့်ဂျောင်ဝန်းကတော့ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်၊ လက်ကောက်ဝတ်ထက်မှာနေရာယူထားသည့်ကျောက်စိမ်းလုံးလေးကိုလက်ညှိုးကလေးဖြင့်ခပ်ဖွဖွထိကြည့်ရင်းသဘောကျနေသည်။''လှသားပဲ! အကိုဂျယ်ယွန်း ကဒါမျိုးအယူလဲသီးတာပဲလား? ''
''အယူသီးတယ်ပဲထားလိုက်ပါတော့၊ မင်းသား အန္တရာယ်ကင်းဖို့က ပထမဦးစားပေး မို့လို့! ''
YOU ARE READING
Mafia And His Crown Prince[Ongoing]
Fantasyရာစုနှစ်တွေကိုဖြတ်သန်းပြီး ကိုယ့်ဆီကိုရောက်လာပေးခဲ့လို့ကျေးဇူးတင်ပါတယ် မင်းသား။ ကျွန်တော့်ကိုကာကွယ်ပေးတဲ့အတွက် တစ်ဘဝလုံးကိုပုံအပ်ပြီးကျေးဇူးဆပ်ခွင့်ရှိမလား Mr.Jay။