Chapter(17)

966 113 6
                                    

Zawgyi

မကြာမီ လုရှင်းကလည်း စားစရာတချို့ပြင်ဆင်ရန် စီစဉ်နေ၏။ ထိုအထဲတွင် သစ်သီးအစုံ၊ ယာဂု၊ အဆာပြေမုန့်များအပြင် အမျိုးမျိုးသောစားစရာများ ပါဝင်သည်။

ထျန်းစီလည်း ရှေ့က ခင်းကျင်းထားသော စားစရာအစုံအလင်ကိုမြင်သောအခါ မျက်လုံးလေးက တလက်လက်တောက်ပသွား၏။ လွန်ခဲ့တဲ့လေးရက်တုန်းကဆိုရင် သူဟာ ခွေးစာလို အကြွင်းအကျန်တွေကိုသာ စားခဲ့ရတာဖြစ်ပြီး တခါတလေမှာ ခွေးစာထက်ဆိုးသော အပုပ်အသိုးများကိုတောင် စားခဲ့ရတာမျိုးရှိခဲ့သည်။

အခုတော့ သူ့ရှေ့မှာ လူလိုသူလိုစားစရာတွေအပြည့်ရောက်နေလေပြီ။ သို့သော် သူတန်းယူမစားဘဲ ဟွားချီယွဲ့ကိုသာ သနားစဖွယ်ကြည့်နေပြန်၏။ ပြောရရင် သူမထံမှခွင့်ပြုချက်ကိုစောင့်နေတာဖြစ်သည်။

ဟွားချီယွဲ့လည်း ဒါကိုမြင်တော့ ခေါင်းကိုအသာယာညိမ့်ပြကာ နူးညံ့သောလေသံဖြင့် ပြောလိုက်၏။

"စားလို့ရတယ် သား...။ အမေကျွေးတာကို ဘာမှမစိုးရိမ်ပဲစားနော်။ ဖြေးဖြေးလည်းစားဖို့ မမေ့နဲ့!။ အမေပြောတာနားလည်ရဲ့လား?"

ထျန်းစီတစ်ယောက် ဝမ်းသာပျော်ရွှင်သွားမိသည်။ သူ့ရှေ့မှာရှိနေသော ဟွားချီယွဲ့ကို သူအရင်ကတခါမှမမြင်ခဲ့ဖူးပေမဲ့ အခုတွေ့ရချိန်မှာတော့ သူမမျက်ဝန်းထဲရှိကြင်နာမှုတွေကြောင့် လုံခြုံသလိုခံစားနေရ၏။ ဒါကြောင့် သူလဲ ရှေ့ကမုန့်တွေကို ပလုတ်ပလောင်းစတင်စားသောက်တော့သည်။

ထိုကဲ့သို့ ဒုက္ခရောက်ခဲ့ရသောထျန်းစီကိုကြည့်မိချိန်တိုင်း ဟွားချီယွဲ့ရဲ့နှလုံးသားတွေ ဖျစ်ညှစ်ခံထားရသလို ခံစားနေရသည်။ လုရှင်းနဲ့ ယူရွှီးကတော့ အလိုက်တသိပင် သူမတို့သားအမိကို မျက်နှာလွှဲထားကြ၏။

အခုလောလောဆယ်အရေးကြီးသောကိစ္စမှာ ထျန်းစီရဲ့ လည်ချောင်းကိုကုသပေးရန်ဖြစ်ပြီး ထိုအရာကိုစွမ်းနိုင်သူကလည်း ထူးခြားဆန်းကျယ်လောကရှိ သခင်ထျန်းပိတစ်ယောက်သာရှိနိုင်သည်မှာသေချာတပ်အပ်ပြောနိုင်သည်။

ဟွားချီယွဲ့ သားဖြစ်သူကို တိတ်တဆိတ်ထပ်မံကြည့်မိချိန် မျက်နှာနုနုပေါ်ရှိအမာရွတ်ဒဏ်ရာများကိုမြင်တော့ ထပ်ရင်ကွဲမတတ်ခံစားရပြန်၏။ သူမရဲ့ရင်ထဲကအမုန်းတွေလည်းတဖြေးဖြေးကြီးသထက်ကြီးလာသည်။ ထိုအမုန်းတွေကြီးထွားလာလေလေ သူမရင်ထဲရှိ အမှောင်ထုက ပိုမိုအားကောင်းလာလေလေပင်။ ဒီအမုန်းတရားနာကျည်းမှုတွေဟာ ချေဖျက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့...။

General's Genius Daughter(MM translation)Where stories live. Discover now