Part-16

4.8K 180 6
                                    

Unicode

"ချစ်လေး ဘယ်လိုနေလဲ သက်သာလား"

"နည်းနည်းတော့သက်သာပြီ"

"ချစ်လေး ရယ် ကိုယ့်မှာလန့်သွားတာပဲ
ချစ်လေးဗိုက်တွေအောင့်တယ်ဆိုလို့
ဘာများဖြစ်လို့လည်းလို့ နောက်ကိုအစားကို
ပုံမှန်စားနော် အခုချစ်လေးက အစားကိုပုံမှန်
မစားတော့အစာအိမ်ဖြစ်ပြီပေါ့"

"ဟုတ်ကဲ့ပါ ကို ရယ် စားပါ့မယ်"

"အခုတောင် ကိုယ် ဆေးးရုံကိုအတင်းခေါ်သွားလို့မှတ်လား ချစ်လေးဘာချစ်လေးဆိုသွားမှာမဟုတ်ဘူး"

"ချစ်လေးလည်း သက်သာမယ်ထင်လို့ပါ"

"ဟုတ်ပါပြီ အခုနားဦးနော် ကိုယ်ချစ်လေးအတွက် ဆန်ပြုတ်ပြုတ်ပေးမယ်"

>>>>>

"Tae ဒီနေ့ရော ဘာစားချင်သေးလည်း
ဘာဝယ်လာခဲ့ရမလည်း"

"ဟို...ဘာမှမစားချင်တော့ဘူး"

"တကယ်ဘာမှမစားချင်ဘူးလား"

"ဟုတ်ကဲ့"

"အင်းပါ ဒါဆိုလည်း ကိုယ်သွားတော့မယ်
စိတ်ကူးပေါက်လို့စားချင်တာရှိရင်ဖုန်းဆက်လိုက်
ကိုယ် ဝယ်လာခဲ့မယ်"

"ဟုတ်ကဲ့ပါ"

"အော်...ဒါနဲ့ Taeမိဘတွေကိုဒီလအတွက်ငွေလွှဲပြီးပြီလား"

"မလွှဲရသေးပါဘူး ကျွန်တော်နောက်မှ လွှဲလိုက်ပါ့မယ်"

"နောက်မှ လုပ်မနေနဲ့ လွှဲပေးလိုက်တော့ တော်ကြာသုံးစရာမရှိဖြစ်နေမယ်"

"ဟုတ်ကဲ့ပါ"

"ဒါဆိုသွားပြီနော်"

Taehyungလည်း Jungkookထွက်သွားမှ
စဥ်းစားမိသည်။

သူနဲ့Jungkookနဲ့
ယူမယ်ဆိုတုန်းက
သူ့မိဘတွေကိုအသိပေးတော့ ပထမလက်မခံချင်
သူတို့ကိုရှာကျွေးမဲ့သူမရှိမှာဆိုးလို့တဲ့ သူ့ညီကျောင်းပြီးတဲ့အချိန်ထိစောင့်ပါတဲ့ Taehyungလည်း သူ့မှာကိုယ်ဝန်ရှိလို့ယူရတာပါ
လို့နားလည်အောင်ရှင်းပြတော့မှ
လက်မခံချင်ပဲလက်ခံလိုက်သည်။လက်ထပ်ပြီးရင်လည်း သူတို့ကို သူ့ညီကျောင်းမပြီးခင်အထိ ထောက်ပံ့ပေးပါဆိုလို့ ရှေ့မျက်နှာနောက်ထားပြီးJungkookကိုတောင်းဆိုကြည့်မိသည်။ Jungkookကလည်း ကလေးမွေးပြီးလို့သူ့ကို ကွာရှင်းပေးရင်အခုကိစ္စကို လက်ခံပေးမယ်ဆို၍ သူလည်း ခေါင်းညိမ့်လိုက်မိသည်။

Sex PartnerOnde histórias criam vida. Descubra agora