ZW Version
chapter 2
ကျန်းတိုင်းပြည် ကိုပြန်ရာလမ်းတွင်..ကုန်ကျွင်းနဲ့ကျန်းကျယ်ဟန့် ဘာစကားတွေမှမပြောဖြစ်ပေ..ကုန်ကျွင်းကိုယ်တိုင်လဲ စိတ်ပင်ပန်းနေတော့ လူပါပင်ပန်းပါပင်ပန်းနေတာကြောင့် လှုပ်တောင်မလှုပ်ချင်တော့ပေ..
"ကုန်းကျွင်း မင်းနေမကောင်းဘူးလား"
"မ မဟုတ်ပါဘူး အရှင်..ကျတော်နေကောင်းပါတယ်"
"မင်းကြည့်ရတာ နေမကောင်းတဲ့ပုံမျိုးပဲ..ခဏနေရင် နားကြရအောင်.."
"အဆင်ပြေပါတယ် အရှင်..တော်ကြာ ကျတော်မျိုးကြောင့် ကြန့်ကြာနေပါအုန်း"
"မင်းကြီးရှောင်ဟန် အမိန့်ပေးနေတာကို ကြင်ယာတော် Simon က ငြင်းဝံသလား..!"
"အမိန့်အား နာခံလျက်ပါ မင်းကြီး"
ကျယ်ဟန့်က ဂုဏ်ပုဒ်တွေရဲ့နာမည်ခေါ်တာကြောင့် ကုန်းကျွင်း မှာ ငြင်းဆန်ခွင့်မရှိပေ..
"ရှန့်ရှင်..!"
"ရှိပါတယ် မင်းကြီး"
"ခဏနေရင် နေရာကောင်းတစ်ခုမှာ နားရအောင်..မင်းအကိုတော် နေမကောင်းဘူး"
"ဗျာ ဟုတ်ကဲ့.."
တစ်အောင့်ကြာတော့ ရှောင်ဟန်ပြောသည့်အတိုင်း စမ်းချောင်းရှိရာတွင် ခဏရပ်နားလိုက်သည်..ထိုနေရာမှာ အခြားနေရာမဟုတ်..ယန့်ယောင်တောင်ပေါ်သွားရာတွင်ဖြတ်သွားရသော တောအုပ်နဲ့စမ်းချောင်းဖြစ်သည်..ထိုနေရာသည်ကာ အတော်လှပသလောက် မမြင်ရတဲ့ မိတ်ဆာတွေ အပြင် ပန်းမိတ်ဆာတွေပါ လာရောက်ကျက်စားသောနေရာဖြစ်သည်..
"မင်းကြီး ဒီမှာနားမလို့လား"
"အင်း..ဟုတ်တယ် ဘယ်လိုမိတ်ဆာတွေရှိမလဲဆိုတာ ငါကိုယ်တော် သိချင်သေးတယ်.."
"မင်းကြီး သဘောအတိုင်းပါ.."
"အင်း..ကြင်ယာတော် Simon.."
"ကျတော်ရှိပါတယ်..အရှင်"
"အောက်ဆင်းခဲ့..လှည်းပေါ်မှာနေရင် ပိုဆိုးလိမ့်မယ်"
"အရှင် အမိန့်အတိုင်းပါ.."
"အင်း.."
တစ်ဖြေးဖြေး နှင့် မှောင်ရီပျိုလာတာကြောင့် တောအုပ်အတွင်းမှာ တချို့သော အော်သံတွေ ရယ်သံတွေ တေးသီချင်းဆိုသံတွေ ကြားရတယ်..
YOU ARE READING
Falling in love with an emperor
FanfictionLove..! Drama..! 18+...! Romantic Drama..! 18နှစ်အောက်မဖတ်ရ...!