"မမယွန်းဟွာ၊ မမကို ကျွန်တော်သိပ်ချစ်တာပဲဗျာ...၊ ကျွန်တော့်ကိုပဲ ပြန်ချစ်ပါလားဟင် .."
*ကျွီ*
*ဒုန်း*
*အင့်*
ဆိုင်ကယ်ဘရိတ်ကိုဆောင့်အုပ်လိုက်သည်မို့ ရှုချင်းနန်၏နဖူးသည် ဂျောင်ဒါအွန်း၏Helmetနှင့်မိတ်ဆက်သွားရသည်။နာမနာတော့မသိပေမဲ့ အမူးပင်ပြေသွားမတတ်ပင်။သို့သော် ချက်ချင်းဆိုသလို ဂျောင်ဒါအွန်းသည် ဆိုင်ကယ်ကိုအရှိန်ပြန်မြှင့်လိုက်ကာ မယုံနိုင်လောက်သောအရှိန်ဖြင့်မောင်းနှင်လေတော့သည်။ရှုချင်းနန်မှာတော့ မျက်လုံးပင်ပြူးကာ ရှိသမျှနတ်မင်းအကုန်တလိုက်မိသည်။သူ့ခမြာ အခုမှပြန်လည်မွေးဖွားလာရုံရှိသေးတာလေ၊ မသေချင်သေးဘူးလို့။သြော် ငါ့နှယ့်။
ဆိုင်ကယ်သည် အရှိန်ပြင်းစွာမောင်းနှင်ပြီးသော် တံတားတစ်ခု၏အောက်ခြေရှိ မြစ်ကမ်းစပ်သို့ရောက်ရှိလာလေသည်။ဂျောင်ဒါအွန်းသည် ဆိုင်ကယ်ပေါ်မှအသာဆင်းကာ မူးချင်ယောင်ဆောင်နေသော ရှုချင်းနန်ကိုမူ ဆိုင်ကယ်ပေါ်တွင် ဝမ်းလျားမှောက်လေးအတိုင်းထားခဲ့လိုက်သည်။ပြီးနောက် Helmetကိုလက်တွင်ကိုင်ကာ မြစ်ကမ်းစပ်သို့လျှောက်သွားလိုက်သည်။ဆိုင်ကယ်နှင့်ခပ်ဝေးဝေးသို့ရောက်သော် ရပ်လိုက်လေသည်။
ရှုချင်းနန်သည် ဂျောင်ဒါအွန်းဘက်သို့မျက်စိမှေးကြည့်လိုက်ရာ ဂျောင်ဒါအွန်း၏ခေါင်းပေါ်ရှိဘားတန်းလေးမှာအနီရဲရဲတောက်သို့ပြောင်းလဲနေလေသည်။သွားပြီ၊ သူငါ့ကို မြစ်ထဲမျောပစ်လိုက်ဖို့တွေးနေတာတော့မဟုတ်လောက်ပါဘူးနော်။ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေသော်လဲ နောက်တစ်နေ့သတင်းစာထဲတွင် "မြစ်ကမ်းစပ်တွင် အထက်တန်းကျောင်းသားတစ်ဦး၏အလောင်းကိုတွေ့ရှိ" ဟူသော သတင်းပါလာမည်ကိုပင် ကြိုတွေးမိပြီးသားဖြစ်နေလေသည်။
*ဖောင်း*
*ခွမ်း*
"အား...၊ ီးပဲ၊ ီးပဲ၊ ငါ ိုးမနတ်တွေ၊ ကိုယ့်ောက်လုပ် ကိုယ်သေချာမလုပ်တဲ့ ဖူးစာရေးနတ်လဲ ီးပဲ၊ ီးမို့ ငါ့ကို လာကစားနေကြတာလား၊ အား..၊ ဒီအတိုင်းအကုန်လုံးကိုသတ်ပစ်လိုက်ရင်ကောင်းမလားပဲ"

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...