Part-17

4.5K 188 11
                                    

Unicode

အခုတလော Taehyungမှာ မအီမသာနှင့် နေရထိုင်ရခတ်နေတော့သည်။

"Tae နေမကောင်းဘူးလား အခုတလော Taeကိုကြည့်ရတာ အားမရဘူး "

"မဟုတ်ပါဘူး Jeonရယ် ဗိုက်က တဖြည်းဖြည်းပူလာတော့ နေရာတာ တမျိုးကြီးဖြစ်နေလို့ပါ "

"ဟုတ်လား ဆေးခန်းရက်ချိန်းက ဘယ်တော့လည်း ကိုယ့်ကို ကြိုပြောနော် ကိုယ်လိုက်ပို့ပေးမယ်"

"ဟုတ်ကဲ့ပါ ကျွန်တော်ပြောပါ့မယ်"

ထိုစဥ် ဖုန်းမြည်သံကြား၍ Jungkookလည်းဖုန်းကောက်ကိုင်လိုက်သည်။

"Hello Yuliပြောလေ"

"မောင် ဘာလုပ်နေလည်း Yuliမောင့်ကိုတွေ့ချင်လို့ "

"လာခဲ့မယ်လေ အရင်တွေ့နေကျနေရာမှာပဲ
စောင့်နေနော် မောင်လာခဲ့မယ်"

"ဟုတ်ကဲ့မောင် "

Taehyungမှာတော့ Jungkookဖုန်း ဘယ်သူနဲ့ပြောနေတယ်ဆိုတာ သိသိကြီးနှင့် မသိသလိုဟန်ဆောင်နေလိုက်သည်။

Jungkook ဖုန်းချပြီး Taehyungကိုကြည့်မိတော့ ဘေးတစ်စောင်းလေးလှဲ အိပ်နေတာကိုတွေ့သည်။ Jungkookလည်း Taehyungနားကို သွားလိုက်ပြီး စကားစလိုက်သည်။

"Tae ကိုယ် Yuliနဲ့ချိန်းထားလို့သွားလိုက်ဦးမယ်နော် ပြန်လာရင် ဘာဝယ်ခဲ့ရမလည်း"

"ဘာမှ မဝယ်ခဲ့ပါနဲ့ ကျွန်တော် ဘာမှ မစားချင်ပါဘူး Jeonပဲ အေးဆေးသွားပါ"

"ဒါဆို ကိုယ်သွားတော့မယ်နော် မေမေတို့အဖွားတို့မေးရင် အလုပ်ကိစ္စရှိလို့သွားတယ် ပြောပေးနော်"

"ဟုတ်ကဲ့ ကျွန်တော် ပြောလိုက်ပါ့မယ်"

"ဒါဆို ကိုယ်သွားပြီနော်"

Jungkookလည်း Taehyungကို နှုတ်ဆက်ပြီး
Yuliကိုတွေ့ဖို့ထွက်လာတော့သည်။

ကျန်ခဲ့တဲ့Taehyungမှာတော့ မျက်ရည်တွေကိုခိုးသုတ်ပြီး လူမသိအောင် ကျိတ်ငိုနေတော့သည်။
အခုတလောလည်း အရမ်း ဝမ်းနည်း လွယ်ပြီး
ထစ် ခနဲဆို မျက်ရည်က ကျချင်လာသည်။

"မောင်... Yuliဒီမှာ"

"Yuliစောင့်ရတာကြာသွားလား"

Sex PartnerWhere stories live. Discover now