Part-15

356 63 6
                                    

"ထပြီ...ထပြီ..."

တရပ်စပ်မြည်နေသောစားပွဲပေါ်ကနှိုးစက်ကြောင့်တယောက်တည်းညည်းညူကာနှိုးစက်ကိုပိတ်ရင်း Jungkook ထထိုင်လိုက်သည်။ ထိုင်လိုက်သောအခါဒူးခေါင်းနှစ်ဖက်လုံးကဆစ်ခနဲဖြစ်ကာနာသွားတာကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။

အဲ့တာထက်ပိုဆိုးတာကသူမျက်လုံးဖွင့်မရချေ။ မျက်လုံးမှိတ်လျက်နဲ့ပင်ရေချိုးခန်းထဲစမ်းတမ်းစမ်းတမ်းဝင်ပြီးမျက်နှာအရင်သစ်လိုက်သည်။ ထို့နောက်တဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်သောအခါမျက်လုံးနှစ်ဖက်လုံးဖောင်းအစ်နေလေသည်။ ကိုယ့်ကိုကိုယ်မြင်လိုက်သောအခါ Jungkook လန့်ပင်လန့်သွားလေသည်။ သေချာပြန်စဉ်းစားကြည့်တော့မှမနေ့က Taehyung ရင်ခွင်ထဲမှာကလေးတစ်ယောက်လိုငိုခဲ့တာကိုသတိရတော့သည်။ ဘေးမှာရှိနေသည့်နံရံကိုခေါင်းဖြင့်မှီလိုက်ရင်းကိုယ့်ကိုကိုယ်မယုံနိုင်ဖြစ်နေမိသည်။

"ငါ့ကိုအသေသာသတ်လိုက်ပါတော့လား"
.
.
.
"ဟော...ပြောရင်းဆိုရင်း ဟိုမှာရှင့်တူဆင်းလာပါပြီ"

လှေကားပေါ်ကသတိထားကာဆင်းလာသည့် Jungkook ကိုမြင်သောအခါအဒေါ်ဖြစ်သူကပြောသည်။ ထိုအခါသတင်းစာဖတ်နေသည့် Byung Ho ကလည်းလှည့်ကြည့်လာသည်။

"ငါ့တူနိုးလာပြီလား ဦးလေးကမင်းနေလို့မကောင်းရင်အခန်းထဲကိုမနက်စာလာပို့ပေးမလို့"

"ရပါတယ်ဦးလေး ကျွန်တော့်ဒဏ်ရာတွေလည်းသက်သာနေပါပြီ ဦးလေးလယ်ထဲသွားတော့မှာမလား ကျွန်တော်မနက်စာစားပြီးလိုက်ခဲ့မယ်နော်"

ဒေါ်လေးကမနက်စာပြင်ပေးတော့မှာမို့မီးဖိုချောင်ထဲကိုဝင်ရင်း Jungkook ပြောသည်။ ခြေထောက်ကမနေ့ကလောက်မနာတော့ပေမယ့်ဒဏ်တော့ကျန်နေသေးတာမို့သတိထားပြီးလျှောက်နေရလေသည်။

"ရတယ်ရတယ် နားလိုက်အုံး ဒဏ်ရာအရှင်းပျောက်ပြီဆိုမှအလုပ်ပြန်လုပ်ပေါ့ကွာ ဟုတ်ပြီလား"

"အာ...မဟုတ်တာ ကျွန်တော်ဘာမှမဖြစ်တော့ပါဘူးဆို"

"မဖြစ်ပါဘူးကွာ...တော်ကြာဟိုမြို့သားလေးကငါ့လာအပြစ်တင်နေပါအုံးမယ်"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now