အပိုင်း၅(Unicode)

202 7 0
                                    

Bee Club။

နက်တို့ရောက်သွားတော့ Bee Club လူအတော်စည်နေပြီဖြစ်သည်။သူ့ရဲ့ဘေးကနေပါလာတဲ့ လွမ်း ကလည်း မသိတဲ့ပတ်ဝန်းကျင်ကို ခုမှရောက်ဖူးတဲ့ ကလေးသေးသေးလေးအတိုင်း အကုန်လိုက်ငေးနေလေရဲ့။

ကလပ်ထဲကလူတွေရဲ့မျက်လုံးတွေကလည်း Ice prince လို့ ကျော်ကြားတဲ့ ခွန်းသက္ကရာဇ်ဈာန်ဘေးက အပေါ်ကHoodieအဖြူရောင်လေးကိုအောက်ကစတိုင်ပန့်အနက်နဲ့တွဲဖက်ဝတ်ဆင်ထားသော သူဆီကို အကြည့်ရောက်လာလေသည်။အမြဲလာတိုင်းတစ်ယောက်တည်းသာ လာတတ်သော Bee Club ရဲ့ Ice prince လိုနာမည်ကျော်ကြားတဲ့အပြင် ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ဘဲ အေးစက်စက်မျက်နှာထားတဲ့နေတတ်သော ခွန်းသက္ကရာဇ်ဈာန်က သူ့သူငယ်ချင်းတွေမဟုတ်ဘဲ တစ်စုံတစ်ယောက်နဲ့ Club ထဲဝင်လာတာ ဒါပထမဆုံးပင်။

"လာ သွားမယ်"

သူ့တို့၂ယောက်ဝင်လာကတည်းက Club ထဲရှိ လူအကုန်လုံးရဲ့မျက်လုံးတွေက သူ့ထပ်သူရဲ့ဘေးကနေပါလာတဲ့ လွမ်း ဆီကိုသာ စုပြုံရောက်နေလေသည်။ဒါကြောင့် နက် တစ်ယောက် သူတ်ု့ကိုကြည့်နေတဲ့လူတွေကို အေးစက်စက်မျက်နှာထားဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဘေးကနေ လျှောက်ငမ်းနေတဲ့ လူလက်ကို ဆွဲကိုင်လိုက်ပြီး ခေတ်နဲ့ဗညားတို့ရှိတဲ့ VVIPဝိုင်းသို့ ရှေ့ကနေဦးဆောင်လျှောက်လာခဲ့သည်။

"မင်းရောက်တော့လာသေးတာပဲ"

"လွမ်းကို စောင့်နေရလို့"

သူ့ရဲ့နောက်ကနေပါလာတဲ့ လွမ်းဟိန်းထက်မှူးကို မမြင်ဘဲ ပြောနေတဲ့ ဗညား။

"လွမ်း ဆိုတာ အကို လွမ်းဟိန်းထက်မှူးရောပါလာတာလား"

"ဟုတ်တယ်လေ"

"ညီတို့ အကိုကြောင့် နည်းနည်းနောက်ကျသွားတာ"

သူ့ပြောလိုက်မှ သူ့ရဲ့နောက်ကျောကနေ ထွက်လာပြီး နှုတ်ဆက်နေတဲ့ အရိပ်လေးကြောင့် ဟို၂ကောင် အံ့သြနေလေပြီး သူ့ကိုလာကြည့်နေလေရဲ့။

"အကိုရော ပါလာမယ် မထင်ဘူး လာ အကိုထိုင်"

အစတုန်းက ခေတ်နဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဗညားကနေ လွမ်း ပါလာတာကြောင့် ခေတ်ရဲ့ဘေးပြောင်းရွှေ့ထိုင်လိုက်တော့ အလိုလို နက် နဲ့ လွမ်းက ဘေးချင်းကပ်ရပ်ထိုင်ရတော့လေသည်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Место, где живут истории. Откройте их для себя