အပိုင်း(67)uni&zgi

472 24 1
                                    

🌿The Lengend of the blue sea

အပိုင်း(67) ညဘက်ခိုးဝင်လာသော

မိန်းမလှလေးတွေက သူမကိုအလုအယက်ဝိုင်းတိုင်ချင်ကြပေမဲ့ သူမရဲ့ဓားပါတဲ့အကြည့်တချက်နဲ့တင် မိန်းမလှများရဲ့ပါးစပ်များအားလုံးအလုံပိတ်သွားကာ စကားမဟရဲကြတော့

"ဟုတ်လှချည်လား တာ့ကျဲ အဲ့ကျီးကန်းမတွေကိုအကြည့်တချက်နဲ့တင်သတ်ပစ်လိုက်တာမိုက်နေရော"

"ရိရန်ကို ဧည့်သည်လုပ်ခိုင်းထားတယ် နောက်နေ့ကျ ဒီကထွက်သွားလိုက် ဒီဟာလေးတွေကိုပါခေါ်သွား ပြီးရင် အပြင်ကတည်းခိုခန်းတခုခုမှာစောင့်နေ"

"အာ...... တာ့ကျဲ အဲ့လိုမရက်စက်ကြေးလေ ဒီမှာလက်သီးလက်မောင်းတောင်တန်းထားပြီဟာကို"

"ထပ်မပြောဘူးနော် မဟုတ်ရင် နတ်သူငယ်တောအုပ်ကိုပြန်ပို့လိုက်မယ်"

"အားရားးးး ကောင်းပါပြီ ထွက်သွားပြီးစောင့်နေရင်ပြီးရောမဟုတ်လား"

"အဲ့လိုလိမ်မာမှပေါ့"

စီမာယန်ယန်းထွက်သွားပြီးတော့ သူမလဲ အဲ့နေရာမှာ ဆက်မနေပဲ ထွက်သွားလိုက်တယ်

သူမ အစားအသောက်ပို့တဲ့သူလိုပဲဟန်ဆောင်လိုက်ကာ ဝင်ရောရင်း အခြေအနေကို ထပ်လေ့လာတယ်

ရိရန်ကလဲ ဧည့်သည်ပုံစံနဲ့ရောက်နေလေပြီ ဘယ်ကဘယ်လိုရလာမှန်းမသိတဲ့ လူတသိုက်လဲ ပါလေတယ်

သူဌေးပုံစံဟန်ဆောင်ထားပြီး မိန်းမလှတစ်ယောက်ရဲ့ခါးကိုဖက်ထားတဲ့ရိရန်က သူမကိုမျက်စိမှိတ်ပြလာတယ်

သူဌေးတွေရဲ့ထုံးစံအရ လှလှပပလေးတွေ့ရင်တော်ကောက်ချင်ကြတာပဲဆိုတော့ ရိရန်ရဲ့မျက်စိမှိတ်ပြတာကို ဘယ်သူမှအလေးမထားကြဘူး

သူမလဲ ခနတဖြုတ်ဟန်ဆောင်လုပ်ကူပြီးတာနဲ့ နေရာအနှံ့လျှောက်သွားရင်း တိုင်တန်ကိုလဲ နဲနဲပါးပါးကြည့်ခိုင်းထားရတယ်

-တွေ့လား-

-တွေ့ဘူး ကြည့်ရတာ လေလံပစ္စည်းထဲမှာပဲပါတယ်ထင်တယ်-

-မတတ်နိုင်ဘူး လေလံဆွဲမဲ့အချိန်ကိုပဲစောင့်ရတော့မယ်-

-ဟုတ်-

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalWhere stories live. Discover now