တောင်ကြီးဆောင်းသည် မြူငွေ့ဖြူလွလွနှင့် အရိုးခိုက်မတတ်အေးလွန်းသော အအေးဒဏ်ကိုပါအတူတကွခေါ်ဆောင်ပြီး တစတစချည်းနင်းဝင်ရောက်လာပြီဖြစ်၏။ မနက်စောစောထ,နေကျခီရာက နိုးနှင့်နေပြီးလို့ အောက်ထပ်စားသောက်ခန်းသို့ မနက်စာစားရန်ပင်ရောက်နေပေပြီ ။
ခုံတန်းရှည်ကြီး၏ထိပ်မှာ ဦးတေဇ ။ လက်ဝဲဘက်အစွန်ဆုံးတွင်တော့ မဟာအံ့ဝန်းသို ၊ လက်ယာဘက်အစွန်ဆုံးတွင် ခီရာထိုင်နေပြီး ကျန်လူများက အသီးသီးထိုင်ခုံတွင်နေရာယူထားကြပြီး စားသောက်စရာများကိုတိတ်ဆိတ်စွာစားနေကြသည် ။
အနောက်တိုင်းလက်ဖက်ရည်နှင့် အသားညှပ်ပေါင်မုန့်က ယနေ့မနက်စာ၏ menu ပေမဲ့ ခီရာကတော့ ထူးထူးခြားခြားမနက်စာကို ဆတ်သားခြောက်ဖုတ်နှင့် ကောက်ညှင်းပေါင်းပူပူလေးကို ထိုင်စားနေသည်။ ဆောင်းမနက်ခင်းနှင့်အလွန်လိုက်ဖက်လှသော မနက်စာပေ။
မြိန်ရည်ရှက်ရည်စားပြီးသည့်နောက် မည်သူတွေစားပြီးသည် ၊ မပြီးသေးသည်ကိုမကြည့်ပဲ ထိုင်ခုံမှာခဏမျှထမင်းလုံးစီနေပြီးသည့်နော် ထ,ထွက်သွားပါသော သားဖြစ်သူ၏နောက်ကျောကိုကြည့်ရင်း ဦးတေဇ ဒေါသထွက်လွန်းစွာ သက်မ,ချမိရ၏။
"ဧကရီခီရာရောက်နေတယ်ဆို"
"ဟုတ်ကဲ့ ။ မောင်ဖြစ်သူကို လာတွေ့တဲ့ပုံပါပဲ"
အနားမှာ တိတ်ဆိတ်စွာမနက်စာစားနေတဲ့ အံ့ဝန်းသိုကိုမေးလိုက်တော့ သူကအေးဆေးစွာပြန်ဖြေသည် ။
ဧကရီခီရာသည် ဦးတေဇ၏သားသမီးသုံးယောက်အနက် ဒုတိယမြောက်သမီးဖြစ်၏။ သူမသည် ဆယ်ကျော်သက်အရွယ်မှစ၍ အိမ်ခွဲနေခဲ့ရပြီး အိမ်ထောင်ကျသည်အထိ ဤစံအိမ်သို့လည်းကောင်း၊ ဦးတေဇထံသို့လည်းကောင်း ခြေဦးမလှည့်ခဲ့သောသူဖြစ်၏။
ဒေါ်ဧကရီအိမ်ထောင်ကျတော့ မွေးလာသည့်ကလေးများထဲတွင် သားယောက်ျားလေးပါမပါကို ဦးတေဇက အထူးစောင့်ကြည့်နေခဲ့ပြီး ဒေါ်ဧကရီကလည်း သမီးမိန်းကလေးချည်းသားမွေးဖွားခဲ့သည် ။ အငယ်ဆုံးသားကို အသက်အတော်ကြီးမှမွေးခဲ့သလို ဦးတေဇမသိအောင်လည်း ဆယ်စုနှစ်များစွာဖွက်ထားခဲ့၏။
YOU ARE READING
နိယာမ(Desire) [ခေတ္တရပ်နား]
RomanceRead? Or else Leave ..... ယခု fiction တွင်ပါဝင်သောအကြောင်းအရာများသည် သွေးထွက်သံယိုအခန်းများ ၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ ၊ အသုံးအနှုန်းကြမ်းများပါဝင်နိုင်ပါသဖြင့် warning 20+ ပေးထားပါသည်။ ထို့ကြောင့် ဖတ်မည်ဆိုပါက read ur own risk guys!