*mine part 4*

297 42 2
                                    

Elpis ~ goddess of hope မျှော်လင့်ခြင်းနတ်ဘုရားမ
goddess ဆိုပေမယ့် daemon လို့လည်း ခေါ်ကြတယ် good spirit ကောင်းတဲ့ဝိညာဉ်ဆိုတဲ့အဓိပ္ပါယ်
ပန်ဒိုရာအိုးပွင့်သွားချိန် လူသားကမ္ဘာမှာ ကျန်နေရစ်တဲ့ တဦးတည်းသော နတ်ဘုရားမ
သူမလက်ထဲမှာလည်း ပန်းပွင့်ငယ်တွေကို အမြဲကိုင်ဆောင်ထားတယ်
လူသားတွေအတွက် မျှော်လင့်ခြင်းကို ပေးဖို့
နောက်ဆုံး ငါတို့မှာ ဘာမှမကျန်တော့ရင်တောင်
မျှော်လင့်ခြင်းသာကျန်နေရင် အရာရာပြန်ရနိုင်တယ်
ဘာကိုပဲဆုံးရှုံးပါစေ နောက်ဆုံး မျှော်လင့်ချက်ကိုတော့ အဆုံးရှုံးမခံပါနဲ့ဆိုပြီး ပြောတတ်ကြတယ်မဟုတ်လား
စွဲမြဲတဲ့မျှော်လင့်ခြင်းသာရှိရင် အမှန်တကယ်ဖြစ်လာနိုင်ပါတယ်

ဒါပေမယ့် Nyx ရဲ့ သားသမီးတွေက နတ်ဆိုးတွေဖြစ်တော့ သူမကိုလည်း မကောင်းတဲ့ဝိညာဉ်လို့
ဇုတို့က ခေါ်ကြတယ်
တကယ်တမ်း သူမက ကောင်းတဲ့ဝိညာဉ်ပါ
ညရဲ့နတ်ဘုရားမ Nyx ရဲ့ ဖခင်မရှိပဲ မွေးလာတဲ့သမီး
အာဖရိကက ကိတ်ပျားတွေတောင် ပျားထီးမရှိပဲ
ဥဥနိုင်တာလေ
နတ်ဘုရားတွေက ဖခင်မပါပဲ မွေးလာတာက သိပ်တော့မဆန်းဘူးပေါ့
ဇုနတ်ဘုရားက လူသားတွေကို အပြစ်ပေးဖို့
ပန်ဒိုရာဆိုတဲ့အမျိုးသမီးကို အိုးတလုံးအပ်ထားခဲ့တယ်
အဲ့ဒီအိုးထဲမှာ မကောင်းတဲ့ နတ်ဆိုး ဝိညာဉ်တွေကို ဖမ်းထည့်ထားတယ်
ပန်ဒိုရာက ဇုနတ်ဘုရားကိုယ်တိုင် ဖန်တီးလိုက်တဲ့ လူသားတယောက်ပါ
တနေ့ ပန်ဒိုရာက စပ်စုပြီး အိုးကို ဖွင့်လိုက်ချိန်မှာ
နတ်ဆိုးဝိညာဉ်တွေ လွတ်မြောက်သွားပြီး အိုလံပတ်တောင်ကို ပြန်သွားကြတယ်
ဒါပေမယ့် Elpis ကတော့ လူသားကမ္ဘာမှာပဲ နေခဲ့တယ်
အဲ့တာကြောင့်လည်း သူမက ရာဇီနဲ့ တွေ့နိုင်တာပေါ့

"ရာ နေကောင်းလား"
"အင်း မတွေ့တာတောင်ကြာပြီ Elpis
ဘယ်သွားနေတာလဲ"
"အိုလံပတ်တောင်"
"Elpis က အဲ့ဆီသွားတယ်လား"
"တခါတလေပေါ့"
"ဟုတ်ပါပြီ"
"ဒါနဲ့လေ.."
"ဘာတောင်းဆိုချင်ပြန်ပြီလဲ"

Elpis က အဲ့လိုမျိုးလေ
သူမက အမြဲ ဒဏ်ရာရနေတဲ့တိရစ္ဆာန်လေးတွေခေါ်လာပြီး ကျမကို ကုခိုင်းတတ်တယ်
Artemis ကလည်း တိရစ္ဆာန်တွေကို စောင့် ရှောက်ပေးပါတယ်
ဒါပေမယ့် အိပ်မက်တောအုပ်က တိရစ္ဆာန်တွေကိုတော့ ကျမပဲ ကုပေးရတာများတယ်
Artemis က goddess of hunter လည်း ဖြစ်နေသေးတယ်‌လေ

*mine*(complete)Where stories live. Discover now