Part - 35 [Unicode]

6.8K 502 101
                                    

"ပစ္စည်းတွေသေချာစစ်ပီးပီလား ကျန်ခဲ့မယ်နော်သားလေး"

"စစ်ပီးပါပီမေကြီးရဲ့ ညထဲကသားနဲ့လွှာ ယူသွားမယ့်ပစ္စည်းတွေ နှစ်ခါတောင်ပြန်စစ်ထားတယ်"

"အေးပါကွယ် အပေါ်ထပ်တွေလဲပိုယူသွားကြနော် ဟိုမှာအေးတယ်"

"ဟုတ် ယူသွားပါတယ်အန်တီ .. အန်တီနဲ့မေမေကြီးလဲဂရုစိုက်ကြပါနော်"

"အန်တီတို့ကိုစိတ်ချပါသမီးမေရဲ့ မေတို့သာစိတ်ပေါ့ပေါးပါးပါးနဲ့ပျော်ခဲ့ကြနော်"

"ဟုတ်ကဲ့ပါအန်တီ"

"ဒါဆိုသွားပီနော်မေကြီး ဘွားနိုးလာရင် သားတို့ထမင်းစားနားတဲ့အခါဖုန်းဆက်မယ်လို့ပြောပေးပါနော်"

"အေးပါကွယ် ကားကိုဂရုစိုက်မောင်းကြနော်"

မေကြီးနှင့် ပစ္စည်းတွေကူသယ်ပေးသည့်အိမ်အကူများအားနှုတ်ဆက်ကာ ကားမောင်းထွက်လာခဲ့လိုက်သည် .. ဒါက သူနှင့်လွှာရဲ့ပထမဦးဆုံး နှစ်ယောက်ထဲ ခရီးအတူထွက်ခြင်းပင် .. အစကOverseasထွက်ဖို့စဉ်းစားထားသော်လဲ နောက်ဆုံးတော့ အခုလက်ရှိနံမည်ကြီးနေသည့် တိမ်ပင်လယ်ရှိရာ နောင်ချိုမြို့ကိုရွေးချယ်လိုက်ကြသည် .. နိုင်ငံခြားသို့ အချိန်ကုန်ခံသွားမယ့်အတူ ကိုယ့်နိုင်ငံအတွင်းမှာ တကယ်ကိုလှပပီး လည်ပတ်ဖွယ်နေရာလေးတွေအများကြီးရှိတာမို့ ကိုယ့်နိုင်ငံရဲ့အလှတရားကိုတန်ဖိုးထားချင်သည့် စိတ်က မိုးသားနှင့်လွှာရောတူညီကြသည် .. လမ်းခရီးကဝေးတာမို့ ဘွားနှင့်မေကြီးက Expressကားနှင့် သွားစေချင်သော်လဲ မိုးသားတို့နှစ်ယောက်က အေးဆေးနှစ်ယောက်ထဲသွားချင်တာမို့ တယောက်တလှည့်မောင်းဖို့ဆုံးဖြတ်ခဲ့ကြခြင်း .. မနက်စောစောထွက်လာတာမို့ လူကြီးဖြစ်သည့်ဘွားကိုနှိုးမနေတော့ပဲ နေ့လည်စာစားနားမှ ဖုန်းဆက်လိုက်တော့မည် ..

မိုးပင်ကောင်းကောင်းမလင်းသေးတာမို့ အအေးဓာတ်ကပိုလို့ကဲသည် .. အမှန်ဆို ညဘက်စထွက်ရင်ပိုကောင်းပေမယ့် ဘွားနှင့်မေကြီးကစိတ်မချတာမို့ မနက်စောစောထွက်ရခြင်းပေ .. မနက်စာကို မြို့ထဲက ဆိုင်တဆိုင်မှာပဲဝင်စားကာ ရန်ကုန်ကနေ နေပြည်တော် နားနေစခန်းထိ မိုးသားကပဲမောင်းလာခဲ့သည် .. ခရီးသွားရာသီမို့ လမ်းတလျှောက် ကားကြီးကားငယ်များက စည်ကားနေသည် .. မနှေးမမြန်အရှိန်ဖြင့်သာကားကိုမောင်းနှင်ရင်း ဘေးကချစ်ရသူကိုလဲ တခါတခါလှည့်ကြည့်ရသေးသည် ..

She [ သူမ ]Where stories live. Discover now