<Zawgyi/>
နှာဖျားအတွင်းသို့ ဝင်ရောက်လာသော
အနံ့အချို့ကြောင့် Ruby မျက်ခုံးတွေ တွန်းချိုးသွားမိတယ် ။ တစ်ကိုယ်လုံးကိုက်ခဲနေသလို ခံစားရသည် ။မနေ့ညက အချိန်အတော်ကြာ
သူမတို့ ချစ်တင်းနှောမိခဲ့ကြခြင်းဖြစ်တာကို
သူမ သေချာမှတ်မိတယ် ။ ဒါကြောင့်လည်း သူမ
ဒီဝေဒနာကို မငြီးငြူမိတာ...။နှာဖျားထဲဝင်လာသော အနံ့က
ီစီးကရက်နံ့လိုလို ။ သူမ မျက်လုံးကို အားစိုက်၍
ဖွင့်လိုက်မိတယ် ။ အဲ့အခါသူမ တွေ့ရတာက အိပ်ရာနံဘေးက အခန်းပြတင်းပေါက်ကို ဖွင့်ရင်း စီးကရက်ဖွာတယ့် Jisoo ။ ပြတင်းပေါက်အပြင်ကိုကြည့်တော့ နေမထွက်သေး ။
ဘေးနားက နာရီကို တဖန်ကြည့်လိုက်တော့ မနက် 4 နာရီသာ ရှိသေးသည် ။သူမကို ကျောပေးထားပြီး အခန်းပြတင်းပေါက်
အပြင်ကို လှမ်းငေးကာ စီးကရက်သောက်နေတယ့် Jisoo က သူမ နိုးနေတာကို
သိတယ့်ပုံမပေါ် ။ Ruby အောက်ပိုင်းက
နာကျင်မှုကို မှိတ်ကျိတ်၍ ကုတင်ပေါ်က
ထလိုက်တယ် ။ပြီးတော့ ပြတင်းပေါက်ဘေးရပ်နေတယ့်
Jisoo ရဲ့ အနောက်သို့သွားကာ သူ့ရဲ့
ခါးကို ဖက်ပြီး ကျောပြင်ပေါ် ပါးပြင်အပ်မိတယ်...။ရုတ်တရက် အထိအတွေ့ကို
Jisoo လန့်သွားပေမယ့် သူ့နောက်ကျော
ကို မှီထားတယ့် ကောင်မလေးဟာ
ဘယ်သူမှန်း မတွေးလည်းသိတယ် ။ဒီအခန်းထဲမှာ သူရယ် Jane ရယ်
အပြင်ဘယ်သူထပ်ရှိနိုင်အုံးမှာလဲ ။စောနက အထိ တိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့်အတူ
သူ့လုပ်ရပ်တွေပြန်သုံးသပ်ရင်း စိတ်ရှုပ် အတွေးများနေခဲ့တယ် ။
ဒါပေမယ့် သူ့ကျောပြင်ကို ဖက်တွယ်ထားတယ့်
ချစ်ရတယ့် မိန်းကလေးကြောင့် အတွေးများနယ်ချဲ့ နေခဲ့ခြင်းဟာ
ရပ်တန့်သွားတယ် ။" အစောကြီးရှိသေးတယ် ။ ဘာလို့ထနေတာလဲ Ji...."
Jane ဟာအသံဟာ
အိပ်ချင်မူးတူး ။ Jane ဟာ သူ့ကျောပြင်ကို မှီနေရင်း
အိပ်တဝက်နိုးတဝက်ဖြစ်နေမယ်ဆိုတာ Jisoo
သိသည် ။" အိပ်မပျော်လို့ပါ ။ Jane ပင်ပန်းနေတယ်
မဟုတ်လား...သွားအိပ်လေ "