အပိုင်း - ၄၉

2.4K 152 4
                                    

" ဘယ်လို ဘာပြောလိုက်တယ် သားအရိပ် "

သတင်းစာထိုင်ဖတ်နေသည့် ဦးလွှမ်းစက်ရိပ်ခို၏ မျက်ခုံးများပင် ပင့်တက်သွားရ၏။

သူ့နားကိုပင် သူ မယုံနိုင်။

သို့သော် ရှေ့ဘက်မှသားဖြစ်သူကတော့ သိပ်ကိုတည်ငြိမ်လွန်းနေလေသည်။

"ကျွန်တော် ရိုးတွင်းခြင်ဆီလှူမလို့ ပြောနေတာပါ"

" နေပါဦး မင်းက ဘယ်သူ့ကိုလှူမလို့လဲ ဘယ်လိုလဲ သေချာရှင်းပြလေ သားရဲ့"

" ဒီအတိုင်းပဲ သားအတွက်ပဲ အရေးကြီးတဲ့သူလို့ သိထားရင်ရပါပြီ "

သားအပြောကြောင့် လွှမ်းစက်ရိပ်ခို ပြုံးမိသွား၏။

သူ့သားတောင် ဒီလိုပြောတတ်နေမှကိုး

" အဲ့ဒါက ကိုယ်လှူချင်တိုင်း လွယ်လွယ်နဲ့လှူလို့ရတာမျိုးမဟုတ်ဘူးကွ ဆေးစစ်ချက်တွေယူပြီး ကိုက်ညီမှလှူလို့ရတာ"

သူ့မိတ်ဆွေတစ်ဦး ရိုးတွင်းခြင်ဆီကင်ဆာဖြစ်ဖူး၍ မဖြစ်မနေ ရိုးတွင်းခြင်ဆီလဲရခြင်းကို သူမြင်ဖူးနေ၍ အကြမ်းဖျင်းအားဖြင့် အနည်းငယ် နားလည်နေပါ၏။

" သား ဆေးစစ်ထားပြီးပြီ ဒယ်ဒီ အဆင်ပြေတယ်တဲ့"

သားဖြစ်သူ စကားကြောင့် လွှမ်းစက်ရိပ်ခိုမှာ အံ့ဩလွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့...

ဒီကောင်လေး အတော်စိတ်အားထက်သန်နေပါလား

" ကဲ ထားပါတော့လေ အဲ့ဒီတော့ သားဖြစ်စေချင်တာက ဘာများလဲ "

" ဒယ်ဒီပြောသလိုပဲ ဒါက သိပ်တော့မလွယ်လှဘူး အုပ်ထိန်းသူထောက်ခံလက်မှတ်ထိုးပေးပါတဲ့ "

" အင်း..."

အရိပ်စကားကို ဒယ်ဒီက ခေါင်းတညိတ်ညိတ်လုပ်ရင်း နားထောင်နေ၏။

" အဲ့ဒါ မနက်ဖြန် လက်မှတ်လိုက်ထိုးပေးနိုင်မလား "

" မနက်ဖြန်..."

ဒီတစ်ကြိမ်တော့ ဒယ်ဒီ့၏မျက်ခုံးတန်းများက စုကျုံ့သွားကာ တုံ့ပြန်မေးခွန်းထုတ်လာ၏။

" ဟုတ်ကဲ့ မနက်ဖြန်ပါ "

" ဒါတော့ မဖြစ်ဘူး နောက်ရက်ထဲမှာ Missရွေးပွဲအတွက် ရွှေလုပ်ငန်းရှင်ရွေးချယ်ဖို့ရှိတာကို မင်းမေ့နေပြီလား အဲ့ပွဲကိုဘယ်လိုလုပ်မလို့လဲ "

Cupid's Compass (Completed )Where stories live. Discover now