EP.1

20.6K 364 5
                                    

[Zawgyi]
❤️EP.1❤️
မြတ်သောမောင်က ကျွန်တော်ရဲ့ဗိုက်ကို လက်သီးနဲ့ထိုးလိုက်တာကြောင့် ကျွန်တော် မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။ သူနဲ့ သူရဲ့အပေါင်းပါများက ကျွန်တော်လဲကျသွားတာကို ကြည့်ရင်း လှောင်ပြောင်ရယ်မောကြလေသည်။

နောက်တော့ သူတို့တွေက ကျွန်တော်ရဲ့ ၀မ်းဗိုက်နဲ့ကျောပြင်တွေကို စတင်ပြီး ကန်ကျောက်ကြတော့သည်။

ကျွန်တော်အရမ်းကို နာကျင်နေရပါသောလည်း ကြိတ်၍သာခံနေရတော့သည်။

သူတို့စိတ်ကြိုက် အားရအောင် ကန်ကျောက်လို့ ၀တော့မှ  ထွက်သွားကြတော့သည်။

ကျွန်တော် ဖြေးဖြေးချင်း ခြေထောက်‌တွေကို ဆန့်ထုတ်လိုက်သည်။ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ကံကောင်းစွာနဲ့ ‌
ဘာတစ်ခုမှကျိုးပဲ့မသွားခဲ့..။ သို့ပေမယ့်
တချို့နေရာတွေကတော့ ဆိုးဆိုးဝါးဝါး ပွန်းပဲ့သွားခဲ့လေသည်။

ကျွန်တော်မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် ခြေထောက်များက မခိုင်ဘဲ နောက်တစ်ခါ လဲကျသွားခဲ့ရပြန်သည်။

ကျွန်တော် နာကျင်စွာ အသက်ကို ရှုရှိုက်ရင်းနဲ့ နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်၏။  အ၀တ်စားများပေါ်မှာ ပေကျံနေသည့် ဖုန်များကို ခါထုတ်လိုက်ပြီး လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။

ယခုလိုရိုက်နှက်ခံရခြင်းတွေက နေ့တိုင်းလိုလိုကြုံဖူးပေမယ့် တစ်ခါတစ်လေတော့
နည်းနည်းလေးများတယ်လို့ ထင်မိသည်။

သူတို့တွေ ကျွန်တော်ကို နေ့တိုင်း ရိုက်နှက်နေရတာမပျင်းကြဘူးလား.။

ကျွန်တော် အတန်းထဲကိုရောက်တော့ နောက်ဆုံးခုံတန်းရှိရာဆီကို လျှောက်သွားလိုက်သည်။
ကျွန်တော်ဘေးမှာ မည်သူကမှ မထိုင်ရဲကြပေ..။

ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ
မင်းဆက်သွင် ကလွဲရင် ဘယ်သူမှ မထိုင်ရဲကြပေ..။

တခြားသူတွေက ကျွန်တော်နဲ့ စကားလာပြောတာ ဒါမှမဟုတ် တစ်ခုခုတုံ့ပြန်မိရင် သူတို့ပါ အနိုင်ကျင့်ခံရမည်ဟု ယုံကြည်ထားကြလေသည်။

🚨တစ်ခါတုန်းကကျောင်းတော်🚨21+Dove le storie prendono vita. Scoprilo ora