Ep.2

7.4K 317 17
                                    

[Zawgyi]
❤️EP.2❤️

ကျွန်တော်သတိရလာတော့ ဆေးကုခန်းထဲက ကုတင်ပေါ်မှာ ရောက်နေခဲ့လေပြီ၊။။

မြတ်သောမောင်က ကုတင်ဘေးမှာ ထူးဆန်းစွာနဲ့ ထိုင်စောင့်နေခဲ့တယ်။

ကျွန်တော် ထိုင်ထဖို့ ကြိုးစားလိုက်တော့ မြတ်သောမောင်က ကျွန်တော်ရဲ့ ပုခုံးနှစ်ဖက်ကို သူလက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး ကုတင်ပေါ် ပြန်လှဲချခဲ့တယ်။

နောက်တော့ သူရဲ့မျက်နှာကို ငုံ့ကိုင်းလာတယ် ကျွန်တော်မျက်နာနဲ့ ထိလုမတတ်ဘဲ။ ကျွန်တော် ထိတ်လန့်သွားပြီး

""မြတ်သောမောင်..ငါပေါ်ကနေ ဖယ်..""

ကျွန်တော်ပြောပြောဆိုဆိုနဲ့ သူ့ကို အားကုန်သုံးပြီး တွန်းထုတ်လိုက်တာကြောင့် သူ ကြမ်းပြင်ပေါ် လဲကျသွားတော့တယ်။

""LEE...""
သူက စိတ်တိုဟန်နဲ့ ထဆဲသည်။

""တောင်းပန်ပါတယ်..ငါတမင် လုပ်လိုက်တာ မဟုတ်ပါဘူး..""

ကျွန်တော် ကြောက်ရွံ့စွာနဲ့ အမြန် တောင်းပန်လိုက်မိသည်။

မြတ်သောမောင်က လဲကျရာကနေ ထလာပြီး လက်တစ်ဖက်ကို မြှောက်လိုက်လေသည်။ သူ ကျွန်တော်ကို ရိုက်ဖို့ရန် ဟန်ပြင်လိုက်သည် အထင်နဲ့ မျက်လုံးများကို စုံမှိတ်လိုက်ပြီး ကြောက်အားတကြီးနှင့်..

""ငါ့ကို မရိုက်ပါနဲ့..မရိုက်ပါနဲ့..""

""ငါ..မင်းကို မရိုက်ပါဘူး..""

သူစကားကြောင့် ကျွန်တော်မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး တိုးတိုးလေးမေးလိုက်မိသည်။

""ဘာဖြစ်လို့လဲ..""

""ကျစ်..ငါမင်းကို မရိုက်ချင်လို့ပေါ့..""

သူရဲ့စကားကြောင့် ကျွန်တော် နည်းနည်းလေးတော့ အံဩသွားမိခဲ့တယ်။

အမြဲတမ်းလိုလို နေ့တိုင်းလိုလို သူက ကျွန်တော်ကိုမြင်တာနဲ့ ရိုက်ပြီး အနိုင်ကျင့်နေကျလေ..။

""မင်း ငါနဲ့ လောင်းကြေးထပ်
ထားတာကို မှတ်မိသေးလား..""

သူက ပြုံးရင်းမေးလာတယ်။ ‌

🚨တစ်ခါတုန်းကကျောင်းတော်🚨21+Onde histórias criam vida. Descubra agora