[U]
ထယ်ယောင်းတို့ညီအစ်ကိုနှင့်ကစားကွင်းကပြန်လာ
တော့ ခြံထဲကစာပွဲလေးမှာထိုင်၍ ဆိုဂျူသောက်
နေသောဖေဖေနှင့်ဆုံသည်။ စားပွဲပေါ်မှာဆိုဂျူပုလင်း
အမြည်းပန်းကန်နှင့် ဆေးလိပ်တိုတွေထည့်ထားသည့်
ဆေးလိပ်ခွက်ကိုတွေ့ရသည်မို့သက်ပြင်းချလိုက်မိ၏။
ဒီရက်ပိုင်းဖေဖေ အရက်တွေရောဆေးလိပ်တွေပါပို
သောက်လာသည်ကိုသူသတိထားမိတာကြပြီ။စိတ်ဖိစီးစရာတွေများရှိလို့လားဟုတွေးရင်း ဖေဖေ့
အနားသာလျှောက်သွားလိုက်ပြီး ထပ်၍လက်လှမ်း
နေသောဆိုဂျူပုလင်းကို သူကဦးအောင်ယူလိုက်သည်။“ တော်ပြီ... ဖေဖေသောက်တာအရမ်းများနေပြီ ”
“ ဪ~ ပြန်လာပြီလား... ဖေဖေကသားကို
စောင့်ရင်းသောက်နေတာပါ... အရမ်းကြီးလည်း
မများသေးပါဘူး ”“ နည်းနည်း နည်းနည်းနဲ့ရက်ဆက်သောက်နေတာ
လည်းများတာဘဲလေ... တော်ပြီ ထ အိမ်ထဲဝင်ကြမယ်
မသောက်ရတော့ဘူး ”ပြောရင်းဆိုရင်း လက်မောင်တစ်ဖက်ကနေဆွဲမရင်း
သူကိုထူနေတဲ့ဂျောင်ဂုအားကြည့်ကာ မျက်ရည်တွေ
လည်လာရသည်။ သူ့လက်ပေါ်မှာကောင်းကောင်းမွန်
မွန်ကြီးပြင်းလာခဲ့တဲ့ကလေးက ယခုဆိုအသက်၁၈နှစ်
အရွယ်ကာလသားပေါက်ဖြစ်လို့နေပြီ။၁၈နှစ်တာကာလ
ကြီးကသိပ်မြန်လွန်းပါလားဟုတွေးမိရင် ရင်ထဲစို့နင့်လာရသည်။“ ဖေဖေ ထမင်းစားပြီးပြီလား ”
“ စားခဲ့ပြီးပြီ ”
“ စားခဲ့ပြီးပြီ... ”
မီးဖိုချောင်ကနေလှမ်းမေးသောသူ၏အမေးကို
ဖေဖေကဖြေတော့ စားခဲ့ပြီးပြီးဆိုသောစကားကြောင့်
သံယောင်လိုက်မိလိုက်သည်။“ အာ~ဟုတ်သားဘဲ ...သားထွက်သွားပြီးကတည်းက
ဖေဖေလူတစ်ယောက်နဲ့ချိန်းထားလို့သွားတွေ့ခဲ့တာ
အဲ့ဒါနဲ့အပြင်မှာတစ်ခါတည်းစားခဲ့လို့ ... အိမ်မှာ
ညစာချက်မထားဘူး...သားကဗိုက်ဆာလို့လား ... ”ဒီရက်ပိုင်း ညဘက်အပြင်ထွက်တာလဲခပ်စိတ်စိတ်
ရှိလာတာသူသတိထားမိနေသည်။ အလုပ်ကိစ္စကြောင့်
လို့သာတွေးထားရင်းလျစ်လျူရှူထားခဲ့ပေမယ့် ပြီး
ခဲ့သောတစ်ပတ်ခန်လောက်ကတည်းက မူမှန်သော
ဖေဖေ့ကိုကြည့်ရတာစိတ်နဲ့လူနဲ့မကပ်သလိုဘဲ။
YOU ARE READING
𝗟𝗲𝘁'𝘀 𝗡𝗼𝘁 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲! -𝐕𝐊𝐎𝐎𝐊-
Fanfiction" ငါတို့မချစ်ကြရအောင်... " " အသွားပြန်မရှိတဲ့ရူးနှမ်းမှုက ချစ်ခြင်း မေတ္တာဆိုတာ ကိုယ်ယုံအောင်မင်းက သက်သေပြသွားပြီဘဲ " 𝐊𝐓𝐇 𝐚𝐧𝐝 𝐉𝐉𝐊 .