"ခင်ဗျားကိုကျွန်..ကျွန်တော်ကြိုက်နေပြီထင်တယ်..."
လက်သည်းလေးတွေကိုဖဲ့ရင်း Jungkook ပြောသည့်အခါ Taehyung မျက်လုံးပြူးသွားလေသည်။ မျက်လုံးမပြူးဘဲနိုင်နေရောလား။ အခုသူ့ရှေ့မှာထိုင်နေတဲ့ကောင်လေးကသူ့ကိုဖွင့်ပြောနေတာမဟုတ်လား။ ဒီလိုအခြေအနေမှာသူဘယ်လိုတုံ့ပြန်ရမည်နည်း။
"ချာ..ချာတိတ်..."
"ဟို...ခင်ဗျားပဲရင်ဖွင့်လို့ရတယ်ဆို ကျွန်တော်လည်းဖုံးမထားချင်လို့"
Jungkook ကသူ့အားကြည့်ကာပြောလာသောအခါ Taehyung သက်ပြင်းချပြီးစိတ်ကိုငြိမ်အောင်အရင်ထိန်းရသည်။
"ဟူး...ဘယ်ကတည်းကလဲ"
"ဘာကိုလဲ..."
"ငါ့ကိုကြိုက်နေတယ်ဆို ဘယ်တုန်းကစကြိုက်တာလဲ"
"မနေ့က..."
"ဟင်..."
တုံးတိစွာဖြေလိုက်သည့် Jungkook ကြောင့် Taehyung ကိုယ့်ပါးကိုယ်ရိုက်ချင်စိတ်သာပေါက်သွားသည်။ ဖွင့်ပြောခံရတာတောင်ဂုဏ်မယူနိုင်ချေ။
"မဟုတ်သေးပါဘူးကွာ...ချာတိတ် မင်းစိတ်ကစားနေတာနေမှာပါ"
"ဟင့်အင်း...မဟုတ်ဘူး ခင်ဗျားကိုကျွန်တော်ကြိုက်တယ်"
နှုတ်ခမ်းကိုရှေ့ထော်ကာပြောလာသည့် Jungkook ဟာစိတ်ဆုံးဖြတ်ချထားပုံပင်။ Taehyung က Jungkook အပေါ်မှာခံစားချက်မရှိတာမဟုတ်ပေမယ့်ထိုကောင်လေးကငယ်သေးသည်မလား။ ဒါကြောင့်စိတ်ရှုပ်ထွးတာမျိုးမဖြစ်စေချင်တာဖြစ်သည်။
"ချာတိတ်...နားထောင်..."
"ဒီမယ် ခင်ဗျားကိုကြိုက်တယ်လို့ပြောတာကိုဂုဏ်ယူရမှာမဟုတ်ဘူးလား ဘယ်နှယ့်ဗျာ အတင်းတွေငြင်းနေလိုက်တာ မကြိုက်စေချင်လည်းမကြိုက်ပါဘူး"
Taehyung စကားကိုဖြတ်ပြောကာပြောချင်ရာပြောပြီးတစ်ဖက်ကိုလက်ပိုက်ရင်း Jungkook လှည့်သွားလေသည်။
"ဟာ...မဟုတ်ပါဘူး ပြောတာလည်းဆုံးအောင်နားထောင်ပါအုံး မင်းကငယ်သေးတယ်မလား အဲ့တာကြောင့်ပါ ပြီးတော့အခုငါကငြင်းနေတာလည်းမဟုတ်ဘူးလေ မင်းမှအဖြေမတောင်းရသေးတာ"
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
Hayran KurguYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}