လွမ်ချာချာက တုကူမိုဟန်ကို လိုက်ခေါ်ပေမယ့် သူပြန်မဖြေတာကြောင့် သူက ဒေါသအရမ်းထွက်နေပြီလို့ တွေးလိုက်တယ်။ သူကအခုလက်ရှီ သရဲတစ္ဆေတစ်ကောင်လို ဖြစ်နေပုံရသည် ။
လွမ်ချာချာက ပြတင်းပေါက် အပြင်ဘက်တွင် မှောင်မည်းနေသော လူကို ထပ်ကြည့်လိုက်သည်။ မေ့လိုက်ပါ။ လက်ဖက်စိမ်းတန်ဖိုး တိုးချင်ရင်တောင် အခြေအနေကို အရင်ကြည့်ရမယ် ။
ကံကောင်းထောက်မစွာ၊ ယနေ့မွန်းလွဲပိုင်းတွင် အခြေအနေကောင်းခဲ့သည်။ ဘာပဲဖြစ်ဖြစ် လက်ဖက်စိမ်းရဲ့တန်ဖိုးက +60 လောက်ရှိသင့်တယ်။ လွမ်ချာချာသည် ပျော်ရွှင်မှုကို ခံစားရပြီး လက်ဖက်စိမ်းစနစ်ကို အမြန်ဖွင့်လိုက်သည်။
အနည်းငယ်အားထုတ်လိုက်ရုံနဲ့ +60 တောင်ဖြစ်သွားတယ်..
လွမ်ချာချာသည် အတော်လေး ကျေနပ်သွားပြီး တုကူမိုဟန်ကို ခဏလောက်အနားယူခွင့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ နောက်လျှောက်ရမယ့်လမ်းက အတော်လေးရှည်ပါသေးတယ် ။ တအားလောဖို့ မလိုဘူး။
အခုလက်ရှိ မြန်မြန်ခြေထောက်ဒဏ်ရာကို ဂရုစိုက်ရမယ် ။ဒါမှ သူမလုပ်ချင်တာမှန်သမျှ လုပ်နိုင်မယ် ။
သူမသည် ထိုအတွင်းရေမှူးကို ပြတင်းပေါက်မှ လှမ်းကြည့်ရာ မျက်လုံးများ နီရဲနေသည်ကို တွေ့ရတော့ ဝမ်းသာမိသည်။ ကျိန်ဆဲခြင်းကို နှစ်သက်သော ညစ်ညမ်းသော ထိုမိန်းမ၏ အဆုံးသတ်က ဤသို့ဖြစ်သွားမည်ကို သူမ မမျှော်လင့်ခဲ့ပေ။
အတွင်းရေမှူးသည် မချစ်သင့်သော ယောက်ျားတစ်ယောက်ကို ချစ်မိသွားတာပါပဲ။
......
ဇနီးဖြစ်သူက ဒေါက်တာဟန်အား ယခုလေးတင် ပြောသည်ကို နားထောင်ပုံအရ ဇနီးသည်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခင်ပွန်းဖြစ်သူရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ဒီနေ့မှာတော့ ခင်ပွန်းသည်၏ အတွင်းရေးမှူးရဲ့ အနိုင်ကျင့် ရိုက်နှက်ခြင်း ခံခဲ့ရပါတယ်။ ဇနီးသည်၏ စိတ်နေစိတ်ထားက စိတ်ဓာတ်ကျလာမည်မှာ အံ့သြစရာမဟုတ်ပါ ။
အစေခံမလေးရှီလဲ့သည် စာနာမှုမျက်ရည်များ တိတ်တဆိတ်ကျလာပြီး ထိုအကြောင်းအား အန်ကယ်ရှင်းအား ပြောရမည်ဟုတွေးလိုက်သည်။
YOU ARE READING
The Green Tea Female Partner With the Male Lead ( Complete )
RomanceThe novel written by: Author: (Tángguo Fěnfen) ဤဝတ္တုသည် Translation Novel တစ်ပုဒ်ဖြစ်ပါသည် ။ မူရင်းစာရေးသူနှင့် Eng Translationကို credit ပေးပါတယ် This is not my own creation, it is just a translation of the original. Credit to the original author