"အဖရိုဒိုက် ရှင်က ဘာလို့ ကျမ အိပ်ယာထဲမှာ ရောက်နေတာလဲ"
အိပ်ယာနိုးတာနဲ့ တစိမ်းတယောက်က ကျမအနားမှာ ရှိနေတဲ့အဖြစ်က ဘယ်လောက်တောင်
awkward ဖြစ်လိုက်လဲ
ကျမရဲ့လက်တွေကလည်း သူမခါးကို ဖက်ထားသေးတယ်
ကျမရဲ့လက်တွေက..ဘာလို့ ဖက်ထားမိတာလဲ
သူမနဲ့ဝေးသွားဖို့ ကုတင်တဖက်စွန်းကို တိုးသွားလိုက်တယ်
လန့်သွားတာမျိုးတော့ မရှိပါဘူး
မကြာခဏလို အိုင်ရင်း Eplis တို့နဲ့ အတူအိပ်ခဲ့ဖူးတာမို့"ကိုယ်ရောက်လာတော့ မင်းက အိပ်ပျော်နေတာလေ"
"အဲ့တာနဲ့ပဲ ကျမအိပ်ယာထဲရောက်လာတယ်လား"
"မဟုတ်ဘူး ရာ တလွဲမတွေးနဲ့ တခြားနေရာမှာ
နေချင်ပေမယ့် မင်းကြည့်လိုက် ဘယ်နေရာမှမလွတ်တော့ဘူးလေ"ကျမရဲ့အိပ်ယာကပဲ လူနှစ်ယောက်အတွက် လုံလောက်တဲ့အကျယ်အဝန်းရှိတာမို့
အဲ့ဒီကိစ္စအတွက်နဲ့ သူမကို အပြစ်မတင်တော့ဘူး"ဒါပေမယ့် ရှင် ဘာလို့ ကျမကို ဖက်ထားရတာလဲ"
"ကိုယ် မင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်
ရာ မင်းဘေးနားမှာ လှဲနေတာပဲရှိတာ
မင်းဘာသာ ကိုယ့်ရင်ခွင်ထဲဝင်လာတာဆိုတော့
ငြင်းသင့်တယ်မထင်ဘူးလေ
ကိုယ်တို့က မိန်းကလေးချင်းပဲမဟုတ်လား"ညက အိုင်ရင်းနဲ့အတူသောက်ခဲ့တဲ့ အနီရောင်ဝိုင်
ပြီးတော့ အဖရိုဒိုက်ဆီကနေ ရနေတဲ့ နှင်းဆီရနံ့က ကျမကို ဖြားယောင်းနေတာပဲဖြစ်မယ်
ကျမဘက်က စတင်ခဲ့တာဆိုပေမယ့်.."ဒါပေမယ့် ရှင် ကျမကို နှင်းဆီရနံ့တွေနဲ့ဝောာ့ ဖြားယောင်းနေတယ်မဟုတ်လား အဖရိုဒိုက်နတ်ဘုရား ကျမ နှင်းဆီရနံ့တွေကို မလွန်ဆန်နိုင်တာ
ရှင်သိမှာပါ"
"နှင်းဆီရနံ့က ကိုယ်ရဲ့သင်္ကေတရနံ့တခုပဲလေ ရာ အဲ့တာကို ဘယ်လိုတားမြစ်နိုင်မှာလဲ
ပြီးတော့ မင်းက နှင်းဆီရနံ့တွေကို မလွန်ဆန်နိုင်ဘူးပေါ့ ဒါဆို ကိုယ် မင်းကို အမှန်တကယ် ဖြားယောင်းမယ်ဆိုရင်ရော"
"ဘာလုပ်မလို့လဲ..
ရှေ့တိုးမလာနဲ့ အဖရိုဒိုက်နတ်ဘုရား"
"ဗီးနပ်..
မင်း ကိုယ့်ကို ဗီးနပ်လို့ ခေါ်လို့ရတယ်"
"ဗီးနပ် ဘာလို့ ဆူညံနေတာလဲ
အိပ်နေတဲ့လူတွေရှိတယ်လေ"
"ဒီမှာ လူသားဆိုလို့ ဘယ်သူမှမရှိဘူး အသီနာ
ရာကလည်း demigod"
"နင်..ကျေးဇူးပြုပြီး တိတ်တိတ်လေးပဲနေလို့မရဘူးလား
အိပ်ယာကနိုးလာတာနဲ့ ငါ တကယ်ပဲ မြေအောက်ကမ္ဘာကို ရောက်နေပြီထင်တာ"
"mandrake ဝိုင်ကြောင့်ဖြစ်မယ် အသီနာနတ်ဘုရား ဒဏ်ရာတွေရော နာနေသေးလား"
"အင်း ရာ့ကျေးဇူးကြောင့် သက်သာနေပါပြီ"
YOU ARE READING
*mine*(complete)
Romance🍁love story of goddess & demigod🍁 "ကမ္ဘာပေါ်မှာရှိသမျှ သက်ရှိအားလုံး ဘယ်သူမှ ငါ့အလှကို မလွန်ဆန်နိုင်ဘူး ပန်းပင်တွေတောင် ငါအနားရောက်လာရင် အချိန်အခါမဲ့ဖူးပွင့်ပြီး ဦးညွတ်ခစားရတယ် မင်းက ဘာကြောင့် ငါ့ကို ငြင်းဆန်နိုင်တာလဲ" "လူသားတွေက နားလည်ရခက်ပါတယ် a...