For Unicode
"Amberရေ ကိုယ်တို့အတူ ပွဲတက်ရဖို့ရှိတယ်...သောကြာနေ့ညကျ အားတယ်မလား"
အလုပ်ကပြန်လာသည့် ဂျောင်ကုက ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်နေသူ ထယ်ယောင်းအား အိမ်အဝင်ဝကနေ အော်မေးသည်။ထယ်ယောင်းတွေးလိုက်မိ၏။
ဖိနပ်တောင် မချွတ်နိုင်သေးပဲ ဘာတွေအဲ့လောက်အရေးကြီးနေရတာလဲ။"ကိုယ်ဝတ်စုံစီစဉ်ထားမယ်နော်...Amberဘာအရောင်ဝတ်ချင်လဲ"
ထယ်ယောင်းမသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့စိတ်ကြိုက်လုပ်မယ်ဆိုရင် ဘာလို့မေးနေသေးတာလဲ။အားအား မအားအား လိုက်ခဲ့ရမှာပဲမလား။မျက်နှာလွှဲသွားသည့် ထယ်ယောင်းကို သတိထားမိသည့်အခါ ဂျောင်ကုကျောလေးမတ်သွားရသည်။
Amberက မအားတာလား၊ဒါမှမဟုတ် သူနဲ့မသွားချင်တာလား။အာ ဝတ်စုံကိစ္စအလိုမကျတာဖြစ်မယ်။
"မင်းကြိုက်တာရှိရင် ကိုယ့်ကိုပြောလေ။မင်းဝယ်ထားတာတွေပဲ ဝတ်လာချင်တယ်ဆိုလည်း ကိုယ်ကရတယ်။မင်းကျေနပ်ရင်ပြီးရော"
"အင်းပါ ဂျောင်ကု။ငါအဆင်ပြေပါတယ်..."
"ဒါဆို ကိုယ်ရေချိုးလိုက်ဦးမယ်...ဒီနေ့အဝတ်တွေလျှော်ထားသေးလား Amber"
နောက်ကျောဘက်မှထွက်ပေါ်လာသည့် ဂျောင်ကုရဲ့စကားသံ။ထယ်ယောင်း လှည့်မကြည့်ပါပဲ လက်ကိုမြှောက်ကာ ခါပြလိုက်သည်။ဂျောင်ကုအသံထပ်ထွက်မလာတော့။
"သွက်သွက်ချိုးနော် ဖျားမယ်ဗျ"
တိုးဖွဖွအသံလေးကြောင့် ဂျောင်ကုနှုတ်ခမ်းထက် အပြုံးပန်းလေးတွေဝေဆာသွားခဲ့သည်။
အခန်းထဲက အဝတ်ခြင်းထဲတွင် အဝတ်ညစ်လေးငါးထည်က နေရာယူထားသည်။
ထယ်ယောင်းက ညစ်ပတ်တတ်တဲ့လူမဟုတ်ပေမယ့် အဝတ်လျှော်တော့သိပ်ပျင်းသည်။စက်အကူအညီနဲ့လျှော်ဖို့ကိုတောင် သူကသိပ်လုပ်ချင်တာမဟုတ်။"တစ်ခါတည်းလျှော်လိုက်တော့မယ်...အနံ့တွေစွဲကုန်ရင် မကောင်းဘူး"
အဝတ်ခြင်းအားတကိုင်ကိုင်နဲ့ ရေချိုးခန်းထဲသို့ဝင်သွားသည့် ဂျောင်ကု။အဝတ်လျှော်စက်၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အဝတ်တွေအားအထဲထည့်နေသည်။ဆပ်ပြာအချို့ထည့်ကာ စိတ်ရှည်လက်ရှည်တစ်ဆင့်ချင်းလုပ်နေပုံမှာ အားကိုးချင်စရာအတိ။
ВЫ ЧИТАЕТЕ
𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧 (Completed)
Фанфикသံသရာဆိုတာရှိခဲ့ရင် ဆုံတွေ့ရမယ့် ဘဝအဆက်ဆက်မှာ မင်းကြင်ဖော် ကိုယ်သာဖြစ်ပါရစေ။ TaeKook Started date - 1.12.2022 Ended date - 15.4.2023